ခဏတာ သုဒြာဖြစ်ခဲ့တဲ့ အမှတ်တ ရေ တွကို ပြောပြလာတဲ့ နော်ဖောအ ယ် ထား

ခဏတာ သုဒြာဖြစ်ခဲ့တဲ့ အမှတ်တ ရေ တွကို ပြောပြလာတဲ့ နော်ဖောအ ယ် ထား

လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲကြီးကတော့ မနေ့ကပဲ ဇာတ်သိမ်းသွားပြီပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲကြီး ပြသပြီးသွားတဲ့ နောက်မှာတော့ သုဒြာအဖြစ် သရုပ်ဆောင်တဲ့ ချစ်စရာမင်းသမီးလေး နော်ဖောအယ်ထားက ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်က အမှတ်တရတွေကို ထုတ်ပြလာတာ တွေ့ရပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းတဲ့ ကောင်မလေး နော်ဖောအယ်ထားက အခုလို ကြောက်စရာမိတ်ကပ်တွေနဲ့ အေးစက်နေတဲ့ မြေကြီးထဲမှာ ရိုက်ကူးရေးလုပ်နေရတာ တော င် အပြုံးမပျက်တာမို့ ပရိသတ်တွေက ပိုချစ်နေကြရတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲထဲက သုဒြာဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆော င်ခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ နော်ဖောအယ်ထားရဲ့ပုံရိပ်ေ တွ ကို ဖော်ပြပေးလိုက်ပါတယ်နော်။

နော်ဖောအယ်ထားကတော့ “ခဏတာ သုဒြာဖြစ်ခဲ့တဲ့ မေ့မရတဲ့ အမှတ်တရ တွေ 😢❤️ Congratulations Team The Missing Truth! Special thanks to Ko Kaung Zan & Ma Wyne Shwe Yan Linn 🎉✨Taurus V Production ” ဆိုပြီး သူမရဲ့အမှတ်တရ တစ်ချို့ကို ထုတ်ပြခဲ့တာပါ။

မြင်တာနဲ့တင် ကြောက်စရာကောင်းတဲ့ မိတ်ကပ်တွေနဲ့ နေ့တိုင်းနီးပါး အသားကျခဲ့ရတဲ့ သူမ…။

ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပျော်ပျော်နေတတ်တဲ့ နော်ဖောအယ် ထားရဲ့ဗီဒီယို

အသစ်ပေမယ့်လည်း ကြိုးစားမှုက နည်းနည်းလေးမှမလျှော့တဲ့ နော်ဖောအယ်ထားက အတူတွဲလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာလည်း လေးစားပြီး အကောင်း ဆုံး သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မိန်းမလှလေးပေမယ့် သူမပုံစံနဲ့ မလိုက်ဖက်တဲ့ ကြိုးစားမှုတွေ လုပ်ခဲ့ရတဲ့ နော်ဖောအယ်ထားလေးကို ဂုဏ်ပြုစ ကား ပြောသွားကြပါဦးနော်။

Myint Myat
Source;Naw Phaw El Htar’s Facebook,Reference& Credit;momolay.com

Comments are closed.