လူသားများမဖူးရတဲ့စေတီထူး ၃ ဆူဆိုတာရှိပါတယ်

လူသားများမဖူးရတဲ့စေတီထူး ၃ ဆူဆိုတာရှိပါတယ်

လူသားမဖူးစေတီထူး

လူသားများမဖူးရတဲ့စေတီထူး ၃ ဆူဆိုတာရှိပါတယ့်

  • (၁) စုဠာမဏိစေတီတော်
  • (၂) ဒုဿစေတီတော်
  • (၃) မဟေသရစေတီတော်တို့ ဖြစ်ကြတယ်။
  • (၁)စုဠာမဏိစေတီတော်ဆိုတာ
  • တာဝတိ ံသာနတ်ပြည်မှာ သကြားမင်းတည်ထားတဲ့ စေတီဖြစ်တယ်။


ထိုအခါ သိကြားမင်းသည် ဆံတော်ကိုမြင်၍ ရတနာ ပန်းတောင်းဖြင့် ခံယူပြီးလျှင် မိမိနေရာ တာဝတိ ံသာ နတ်ပြည်၌ စုဋ္ဌာမဏိ စေတီတော်ကို တည်ထား ကိုးကွယ်လေ၏ ။

(၂) ဒုသာစေတီတော်ကတော့

သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်ဟာ ဆံတော်ကို ပယ်ပြီးနောက် ယခုငါဝတ်ထား အဝတ်တွေဟာ ရဟန်းများနှင့် မလျောက်ပက်ဘူး။ သူတို့ကိုလည်း ပယ်စွန့်မှ တော်မယ်လို့ ကြံစည်တော်မူသတဲ့ အဲ့ဒီအခါ ကဿဖဘုရားရှင်လက်ထက်တော်က မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ဃဋိကာရဗြဟ္မာမင်းကြီးဟာ ကမ္ဘာဦးကနိမိတ်အဖြစ် ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်းကြာတ စ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိမ်းသိမ်းထားရာက အလောင်းတော်ထံ လာရောက် ကပ်လှူ သတဲ့ ။

အလောင်းတော်က ထို ပရိက္ခရာကို ဆင်မြန်းပြီး ဝတ်လဲတော်ကို မြှေက်ပြစ်လိုက်တယ် ။ ဒီ ဝတ်လဲတော်ကို ဗြဟ္မာမင်းကဆောင်ယူပြီး သုဒ္ဓါဝါသဗြဟ္မာဘုံ မှာ စေတီ တည်ထားတယ် ။ ဒီစေတီဟာ ၁၂ – ယူဇနာ မြင့်တယ်လို့ ဗုဒ္ဓဝံသအဋ္ဌကထာ ၃၃၃ – မှာ ဆိုပါတယ် ။

(၃) မဟေသရစေတီတော်ကတော့


ဒီအခါ ဘုရားရှင်က ဒီနတ်ဘီးလူးဟာ တန်ခိုးကြီးသူ ဖြစ်တယ်။ သာသနာတော်ကို ကြည်ညို လာလျှင် များစွာ အကျိုးရှိလိုက်မယ်။ ဒါကြောင့် သူ့ အလိုကိုလိုက်ဦးမှလို့ “အချင်း နတ်မင်း ငါနှင့်ဘယ်လိုကစားချင်သလဲလို့” မေးသတဲ့။

မဟေသရနတ်က ရွာသူသားငယ်မျးကဲ့သို့ တူတူ ပုန်းတမ်းကစားချင်ပါတ ယ်လို့လျှောက် ထားတော့ ဒါဖြင့် သင်က ဦးစွာပုန်းပါ။ ငါက ဖော်ပါ့မယ်လို့ ပြောသတဲ့ ဒီလိုဆိုလျှင် မျက်စိကို ပိတ်ထားပါ။ ကျွနု်ပ်ပုန်းကွယ်ပါ့မယ် လျှောက်ထားပြီး မဟေသရနတ်မင်းဟာ သူ့ကိုယ်ကို ကွယ်ကာ မြေကြီးအတွင်း ပျောက်ကွယ်စေပြီးမှ ဖော်ပါလို့ အသံပြုလိုက်သတဲ့။

ဘုရားရှင်လည်း သူပုန်းနေတဲ့ မြေလွှာကိုယူ လက်ဝဲ လက်ဝါးပါ်တင်ပြီးမှ အခြားမြေလွှာများကို ယက်ချကာ အချင်း မဟေသရ ထလော့လို့ ဆိုသတဲ့ ။

ဒီအခါ မဟေသရက အမှန်မှာ ရှင်ကြီးဂေါသမဟာ ငါ့ကိုမမြင်ဘဲ ရမ်းပြောတာ ဖြစ်မယ်လို့ အကြံဖြစ်ပြီး မထပဲ နေသေးသတဲ့ ဒီအခါ ဘုရားရှင်က အချင်း မဟေသရ ဒီလိုမကြံနှင့် ငါဟာ သင့်ရဲ့ ကိုယ်ခန္ဒာကိုယ်မျှမက ဝမ်းတွင်းက အူခွေများထိအောင် မြင်တယ်လို့ မိန့်တော်မူမှပု န်း ရာက ထပြီး အရှင်ဂေါတမ အရှင်ဟာ အမှန်တကယ် တန်ခိုးကြီးပါတယ် သို့သော် အရှင်ပုန်းပါ ဦး အရှင့်ကို ကျွန်ုပ်ရှာပါဦးမယ်လို့ ပြောသတဲ့ ငါပုန်းရမည်ဆိုသော် သင်၏မျက်လုံးများကို လက်နှင့်ဖုံးအုပ်ထားပါလို့ မိန့်တော်မူပြီး ကိုယ်တော်ကို ပရမာဏုမျှလောက် ဖန်ဆင်ပြီး နတ်မင်းရဲ့ မျက်စိနှစ်ဖက်ကြားမှာ ပုန်းတော်မူပြီး ကောင်းကင်က အသံပေးလိုက်တယ် ။

မဟေသရနတ်လည်း မျက်နှာကိုဖွင့် ထက်ဝင်ကျင် ကြည့်တော်လည်း ဘုရားရှင်ကို မမြင်ဘူးတဲ့ ဒါကြောင့် ရေမြေတောတောင် သမုဒ္ဒရာမကျန်အောင် ဘယ်လိုရှာဖွေလို့ မျှ မတွေ့တော့ မှ ဘုရားရှင်ကို ပန်းပေးရသတဲ့ အဲဒီအခါမှ ဘုရားရှင်က မဟေသရ မျက်မှောက်အကြားက ဆင်းသက်တော်မူလာသတဲ့။

ဘုရားရှင်ရဲ့ တန်ခိုးတော်များ မြင်ရမှ မဟေသရနတ်မင်းဟာ ဘုရားရှင်အားကြည်ညိုကာ ဘုရားရှင်ထံ သရဏဂုံယူကာ ဥပသကာအဖြစ်ခံယူပြီးနောက် မြတ်စွာဘုရားဟာ လူသားဖြစ်ေ သာ်လည်း လူတို့စားသော ဆွမ်းကွမ်းများနှင့် မတန်ဘူး ။ ဒါကြောင့် မန္ဒာဂီရိတောင်မှာ အမြဲသီ တင်းသုံးပါ နတ်ဆွမ်းကွမ်းများကို အမြဲဆက်ကပ်ပါ့မယ်လို့ လျှောက်ထားသတဲ့ ဘုရားရှင်က ခွင့်မပေးတဲ့အတွက် ဘုရားရှင်ရဲ့ ရုပ်ပွားသဏ္ဍာန်တော်ကို ကိုးကွယ်ခွင့် ပေးတော်မူပါလို့ လျှောက် ထားသတဲ့ ဘုရားရှင်က အခွင့်ပေးတဲ့အခါ မန္ဒာဂီရိတောင်မှာ ရတနာခုနှစ်ပါးတို့နှင့် ဆန်းကြယ်တဲ့ ကျောင်းဆောင်တော်ကြီးကို ဆောက်တယ်။

ထိုကျောင်းတော်ကြီးအတွင်းမှာ ဂန္ဒာကုဋီတိုက်ကိုဖန်ဆင်းတယ် ။ဂန္ဒာကုဋီတိုက်အတွင်းမှာ လက္ခဏာတော် ကြီးငယ်တို့ဖြင့် တင့်တယ်တဲ့ ဘုရားရှင်ရဲ့ ရုပ်တုတော်ကို ပြုလုပ်ပြီး မျောက် မင်း တစ်ကောင်ကို အခြံအရံ နှင့်တကွ ကျောင်းပရိဘောဂကို ပြုပြင်ဆောင်ရွက်ဖို့ အပ်နှံထား သ တဲ့။ ဒါက မဟေသရစေတီတော်ပါ။

စေတီဆိုတာ ဓာတုစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂစေတီ ဓမ္မစေတီရယ်လို့ ၄ ဆူ ရှိတယ် ။ စေတီလို့ ဆိုလိုက်လျှင်ရွှေတိဂုံစေတီလို စေတီကိုပဲမြင်တတ်တယ် အမှန်ကတော့ မဟာမြတ်မု နိလိုရုပ်ပွားတော်ဟာလည်း စေတီပါပဲ ။ အခုစေတီသုံးမျိုးမှာ မဟေသရစေတီဟာ ရုပ်ပွားတော် စေတီဖြစ်ပါတယ်။

(ထီးချိုင့်မြို့ တည်တောဆရာတော်)အထွေထွေဗဟုသုတcredit ဘုရား တရား သံဃာ

Comments are closed.