မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဖြိုးသု

မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဖြိုးသု

အေးချမ်းတဲ့မျက်နှာလေးနဲ့ မြင်သူရင်ကို အေးချမ်းစေတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုက မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်တစ်ယောက်ပါပဲ။ သရုပ်ဆောင်တဲ့နေရာမှာ တိကျ ပြီး အလုပ်ကို အာရုံစူးစိုက်စွာ လုပ်ဆောင်တဲ့ ပိုင်ဖြိုးသုက အကယ်ဒမီဆု တစ်ဆုကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အမြို့မြို့ အန ယ်နယ်မှာ အများအပြားရှိနေတာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး တည်ငြိမ်အေးချမ်းတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကို ဒီတစ်ခေါက်မှာ လည်း ကျက်သရေရှိတဲ့ မြန်မာအမျိုးသမီးလေးအဖြစ် တွေ့မြင်ရပြန်ပါတယ်။

ပိုင်ဖြိုးသုက ပဲခူမြို့က နာမည်ကြီးဘုရားကြီးကို ဖူးမြှော်နေတဲ့ ပုံရိပ်လေးက အင်မတန် ကျက်သရေရှိပြီး အေးချမ်းလှပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ပိုင်ဖြိုးသုရဲ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်ဖြိုးသုက ဒါရိုက်တာဏကြီးနဲ့အတူတူ သာယာပျော်ရွှင်တဲ့ အျမ်ထောင်ရေးလေးကို တည်ဆောက်ထားပြီး အနုပညာအလုပ်တွေကိုလည်း မနားတမ်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ ပရိသတ်တွေရဲ့ ရင်ကို အေးမြစေသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Ria Bo Vich’s fb
Photo: RBV,Reference&Credit:momolay.com

Comments are closed.