ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ အကောင်းဆုံးဇာတ်ပို့သရုပ် ဆောင်ဆုကိုရရှိတဲ့ ပထမဆုံးကိုရီးယားသရုပ်ဆောင် ဖြစ်လာတဲ့ Oh Young Soo
တောင်ကိုရီးယားနိုင်ငံကတော့ ဂီတနဲ့ရုပ်ရှင်နယ်ပယ်တွေမှာ တစ်နှစ်ထက်တစ်နှစ်ပိုပိုအောင်မြင်လာတာပါပဲ။ (၂၀၂၁) ခုနှစ်အတွင်းမှာ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေထဲမှာ Squid Game ဟာတော်တော်လေးကိုအောင်မြင်ခဲ့တယ်ဆိုတာ ပရိသတ်တွေသိကြမှာပါ။
Squid Game ဇာတ်လမ်းတွဲထဲမှာ ပရိသတ်တွေအချစ်ပိုရတဲ့သရုပ်ဆောင် Oh Young Sooကို သတိထားမိကြမှာပါ။ သူကတော့ (၂၀၂၂) ခုနှစ်ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာ ကစားသမား 001 အဖြစ်ပါဝင်ခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်ချက်တွေက ပရိသတ်တွေအလွန်သဘောကျခြင်းခံရပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားနိုင်ခဲ့ပါပြီ။
(၂၀၂၂) ခုနှစ်ရွှေကမ္ဘာလုံးဆုပေးပွဲကတော့ တိုက်ရိုက်ထုတ်လွှင့်ခြင်းမရှိဘဲ သီးသန့်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ Oh Young Soo ကတော့ (၂၀၂၂) ခုနှစ်ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုကို ပထမဆုံးရရှိတဲ့ တောင်ကိုရီးယားသရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ Congratulations…
[zawgyi]
Advertisement
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*