Yagon Carnival ပွဲမှာ သီချင်းဆိုရင်း ပျော်ပျော်ရွှင်ရွှင် ဂိမ်းတွေဆော့ခဲ့တဲ့ ချမ်းမြေ့မောင်ချို

Yagon Carnival ပွဲမှာ သီချင်းဆိုရင်း ပျော်ပျော်ရွှင်ရွှင် ဂိမ်းတွေဆော့ခဲ့တဲ့ ချမ်းမြေ့မောင်ချို

ချစ်စရာကောင်းပြီး ပရိသတ်တွေကို လှပတဲ့ အပြုံးလေးတွေနဲ့ စွဲဆောင်နိုင်တဲ့ အဆိုတော် မလေး ချမ်းမြေ့မောင်ချိုဟာ Myanmar Idol Season 3 ရဲ့ ဒုတိယဆုရှင်လေး တစ်ယောက်ြ ဖစ်ပါတယ်။ ချမ်းမြေ့မောင်ချိုက ထိုပြိုင်ပွဲကြီးပြီးတဲ့နောက် အားပေးတဲ့ ပရိသတ်တွေ အများအြ ပား ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချို က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေ လျက်ရှိပါတယ်။

ချမ်းမြေ့မောင်ချိုက မနေ့က အောက်တိုဘာလ (၁၇) ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ Yangon Carnival ပွဲကြီးမှာ သူမရဲ့မိခင် အဆိုတော် အိအိနဲ့အတူတူ သီချင်းဆိုဖျော်ဖြေတ င်ဆ က်ပေးခဲ့တာ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုက Yangon Carnival မှာ သီချင်းဆိုရင်း Game တွေလည်း ပျော်ပျော်ရွှင် ရွှင် ဆော့ခဲ့ပါသေးတယ်။ မိုမိုလေးပရိသတ်တွေအတွက် ချမ်းမြေ့မောင်ချိုရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချမ်းမြေ့မောင်ချိုကတော့ တစ်နေ့တစ်ခြား ချစ်စရာကောင်းလာပြီး ပရိသတ်ပေါင်းများစွာရဲ့ အချစ်တွေကို တိုးတိုးပြီး ရရှိလာတာတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ Yangon Carnival ပွဲမှာ ကလေးတစ်ယောက်လို ပျော်ရွှင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချမ်းမြေ့မောင်ချိုရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Yangon Carnival, Reference& Credit:momolay.com

Comments are closed.