ကြော်ငြာရိုက်ကွင်းနောက်ကွယ်က ပိုင်တံခွန်နဲ့ Baifern ရဲ့ အမှတ်တ ရပုံရိပ်လေးများ

ကြော်ငြာရိုက်ကွင်းနောက်ကွယ်က ပိုင်တံခွန်နဲ့ Baifern ရဲ့ အမှတ်တ ရပုံရိပ်လေးများ

စွဲဆောင်မှုအပြည့်နဲ့ ညို့ယူဖမ်းစားထားတဲ့ မင်းသားချော ပိုင်တံခွန်က မိန်းကလေးပရိသတ်ေ တွ သည်းသည်းလှုပ် အားပေးချစ်ခင်ရသူတစ်ဦးပါပဲ။ ထိုင်မင်းသမီးလေး Baifern ဟာလည်း ထိုင်းနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ ထိပ်တန်းမင်းသမီးလေး တစ်လက်ဖြစ်ပြီး မြန်မာပရိသတ်တွေရဲ့ ချစ်ခင်ခြင်း ခံရသူလေးတစ်ယောက်ပါပဲ။

အနုပညာလမ်းမပေါ်မှာ အသီးသီး အောင်မြင်နေတဲ့ ပိုင်တံခွန်နဲ့ Baifern ဟာ အနုပညာလှုပ် ရှားမှုတွေကို အတူတူ တွဲဖက်လုပ်ကိုင်လာတာကို တွေ့မြင်ရပါတယ်။

ပိုင်တံခွန်နဲ့ Baifern ဟာ ထိုင်းနိုင်ငံက စားသောက်ကုန်စည်တစ်ခုအတွက် ကြော်ငြာရိုက် ကူးပေးခဲ့တာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုင်တံခွန်နဲ့ Baifern တို့ရဲ့ ရိုက်ကွင်းနောက်ကွယ်က ချစ်စရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလိုက် ပါတယ်နော်။

Baifern ကို ကြင်ကြင်နာနာ ဂရုစိုက်နေတဲ့ ပိုင်တံခွန် 😍

Baifern ဟာ ပိုင်တံခွန် အရူးအမူး ကြိုက်နှစ်သက်ရတဲ့ မင်းသမီးလေးဖြစ်ပြီး အခုလို ကြော်ငြာ အတူတူ တွဲဖက်ရိုက်ကူးရတာ ပိုင်တံခွန်အတွက်တော့ အိပ်မက်တစ်ခုလို ဖြစ်နေမှာ သေချာ ပါတယ်။

Baifern နဲ့ ပိုင်တံခွန်တို့ကတော့ ပြောဆိုတဲ့ ဘာသာစကားမတူပေမယ့် သူတိြ့ရဲ့ အလုပ်ကို Professional ဆန်ဆန် အကောင်းဆုံး လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Sai Han Noon’s fb,Reference&Credit:momolay.com

Comments are closed.