Romantic ဆနဆွနွ နူးညံ့တဲ့ စ ကား လုံးလေးတှနေဲ့ ခစှဇွနီး လေး ကို မှေးေ န့ဆုတောငွးပေးခဲ့တဲ့ ဇာဏခွီ

Romantic ဆနဆွနွ နူးညံ့တဲ့ စ ကား လုံးလေးတှနေဲ့ ခစှဇွနီး လေး ကို မှေးေ န့ဆုတောငွးပေးခဲ့တဲ့ ဇာဏခွီ

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ ချစ်စရာကောင်းတဲ့ သားလေးနဲ့ ပျော်ရွှင်ဖွယ် မိသားစုလေးကို တည်ဆောက်ထားြ က တာ ဖြစ်ပါတယ်။ တူညီတဲ့ အနုပညာလမ်းခရီးကို လျှောက်လှမ်းနေကြတဲ့ ဇာဏ်ခီနဲ့ ခရစ်စတီး နားခီတို့ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြည့်နဲ့ သစ္စာရှိကြတဲ့ စံပြအိမ်ထောင်သည်တွေအဖြစ် ပရိသတ်တွေကလဲ သတ်မှတ်ပေးထားကြပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၈) ရက်နေ့ကတော့ ဒါရိုက်တာကြီး ခရစ်စတီးနားခီရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဇာဏ်ခီက ချစ်ဇနီးလေး ခရစ်စတီးနားခီ ကြွေသွားရအောင် အခုလိုပဲ မွေးနေ့ဆုတောင်းပေးထားပါတယ်။

“ငါတစ်ယောက်တည်းသာဆိုရင် ဘဝကြီးက ရှည်လျားပေမယ့် မင်းနဲ့သာဆိုရင်တော့ အဲ့ဒါက ခဏတာလေးလိုပဲ ခံစားရတယ်။ မင်းက ထာဝရအမြဲတမ်း ကိုယ့်အတွက်ပါပဲ။ ကိုယ်မင်းကို အရူးအမူးချစ်တယ်။ ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေကွယ်” ဆိုပြီး ရိုမန့်တစ်ဆန်ဆန် မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။

ဇာဏ်ခီနဲ့ ခရစ်စတီးနားခီကတော့ အိမ်ထောင်သက်တွေ ကြာမြင့်သည့်တိုင် စိတ်တူ၊ ကိုယ်တူ၊ ဝါသနာတူနဲ့ အောင်မြင်တဲ့ အနုပညာလမ်းမပေါ် လျှောက်လှမ်းနေတာ အားကျစရာပါပဲ။

ဇာဏ်ခီကတော့ သူ့ရဲ့ ချစ်ဇနီးလေး ခရစ်စတီးနားခီအတွက် ရိုမန့်တစ်ဆန်ဆန် မွေးနေ့ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဇာဏ်ခီနဲ ခရစ် စတီးနားခီတို့ကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။

Rowena
Source: Zenn Kyi’s fb,Reference& Credit:momolay.com

Comments are closed.