

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးစီးပြီး နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း ရဲ့ ရဲလေး၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံ၊ မေကဗျာ၊ ဖူးစုံ တို့ ပါဝင်တဲ့ “နှင်းဆီလှေ” အငြိမ့်သဘင် ကြီးက ပြီးခဲ့တဲ့ အောက်တိုဘာလ (၄) ရက်နေ့နဲ့ (၅) ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်း ပနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

“နှင်းဆီလှေ” အငြိမ့်သဘင်ပွဲကြီးရဲ့ ရန်ကုန်နဲ့ မန္တလေးပွဲမှ စုစုပေါင်း အလှူငွေ သိန်း (၅၀၀) ကျပ်ကျော် ပမာဏကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၉) ရက်နေ့မှာတော့ နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်းမှ သဘာဝဘေးဒဏ်ခံစားရသောဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေသိန်း (၅၀၀)နဲ့ စားသောက်ကုန်(၁၅)မျိုးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ေ နရာချ ထားရေးဝန်ကြီးဌာနသို့ လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။

နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းက တစ်နှစ်တစ်ခါဆိုသိလို မြန်မာနိုင်ငံအတွင်းမှ အခက်အခဲဖြစ်နေတဲ့ဒေသတွေအတွက် အငြိမ့်ကပြီး ရန်ပုံငွေရှာတာပဲ ဖြစ်ပါတယ်။

နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းမှ အခုလို ကျပ်သိန်းပေါင်းများစွာ လှူဒါန်းနိုင် တယ် ဆိုတာ မိဘပြည်သူများရဲ့ ကျေးဇူးကြောင့်ပါပဲ။ မိုမိုလေးပရိသတ်ကြီးလည်း အခုအလှူလေး ကိုကြည့်ပြီး ပီတိဖြစ် သာဓုခေါ်နိုင်ကြမယ် ထင်ပါတယ်နော်။

Rowena
Source: Nay Toe’s fb,Reference& Credit:momolay.com

Comments are closed.