ပွဲဈေးမှာ ဈေးရောင်းကောင်းလို့ ပျော်ရွှင်နေရတယ်ဆိုတဲ့ အောင်ရဲ ထိုက်တို့ မိသားစု

ပွဲဈေးမှာ ဈေးရောင်းကောင်းလို့ ပျော်ရွှင်နေရတယ်ဆိုတဲ့ အောင်ရဲ ထိုက်တို့ မိသားစု


အောင်ရဲထိုက်က အနုပညာအလုပ်တွေ မအားမလပ်တဲ့ကြားက ပြီးခဲ့တဲ့အပတ်က ရန်ကုန်မြို့ မှာ ကျင်းပတဲ့ ရေကျော်ပွဲဈေးမှာ မိသားစုတွေနဲ့အတူတူ ဈေးရောင်းရင်း ကူညီခဲ့တာ ဖြစ်ပါ တယ်။

အောင်ရဲထိုက်တို့ သားအမိတွေက ရေကျော်ပွဲဈေးမှာ အင်မတန် ဈေးရောင်းကောင်းခဲ့ တာကြောင့် တစ်မိသားစုလုံး ပျော်ရွှင်နေရပါတယ်ဆိုပြီး အပြုံးတွေနဲ့ မျှဝေထားပါတယ်။

အောင်ရဲထိုက်က “ည”၊ “မီ”၊ “ပျောက်ဆုံးနေသော အမှန်တရား” စတဲ့ ဇာတ်ကားတွေနဲ့ အောင်မြင်မှုရရှိနေပြီး လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။

အောင်ရဲထိုက်ကတော့ တစ်နှစ်ပတ်လုံးအလုပ်တွေရှုပ်နေတာကြောင့် ပွဲဈေးအချိန်အခါမှ မိခင်ကို ဈေးရောင်းကူနိုင်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နောက်နှစ်ကျင်းပမယ့် ရေကျော်ပွဲဈေးကျရင် အောင်ရဲထိုက်တို့ဆိုင်လေးကို အားပေးကြဖို့ မမေ့ပါနဲနော်။

Rowena
Source: Aung Ye Htike’s fb,Reference& Credit:momolay.com

Comments are closed.