သိန်း ၁၅၀ ကျော်ဝန်းကျင် တန်ဖိုးရှိ တဲ့ ဖက်ရှင်တန်ဆာများနဲ့ ပွဲတက်ခဲ့တဲ့ နေခြည်ဦး

သိန်း ၁၅၀ ကျော်ဝန်းကျင် တန်ဖိုးရှိ တဲ့ ဖက်ရှင်တန်ဆာများနဲ့ ပွဲတက်ခဲ့တဲ့ နေခြည်ဦး


နေခြည်ဦးက မြန်မာနိုင်ငံရဲ့ Hot အဖြစ်ဆုံးမင်းသမီးတွေထဲက တစ်ဦး ဆိုလည်းမမှားပါဘူး ။ သူမက အရမ်းခေတ်ဆန်တဲ့ဖက်ရှင်တွေနဲ့ နာမည်ကြီး သူလေးပါ။ နေခြည်ဦးက 7th Sense Creation မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား နဲ့အတူ အိပ်မက်တွေမိုးထားတဲ့ အိမ်ရုပ် သံဇာတ်လမ်းတွဲကို မိုရီဆာကီဝင်းတို့နဲ့အတူရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် ဒေါင်းနဲ့ လည်း ရုပ်ရှင်ဇာတ်ကား တစ်ကား ရိုက်ကူးထားသလို လတ်တလော မှာ နေတိုးနဲ့ ရိုက်ကူး ထား တဲ့ အခမ်းနားဆုံး မေတ္တာ ရုပ်ရှင် ဇာတ်ကားကလည်း ပရိသတ်တေ်ကြည့်ခွင့်ရနေပြီပဲ ဖြစ်ပါတယ်။


သူမရဲ့ ဝတ်စုံ၊ ဖိနပ် ၊အိတ် တန်ဖိုးက စုစုပေါင်း သိန်း၂၀၀ ဝန်းကျင်လောက်တန်ဖိုးရှိပါ တယ်။”Top ကတော့ Short black and white satin and crepe jacket ပါ။ ဈေးနှုန်းကတော့ သိန်း ၆၀ ကျော်ပါ။ Skirt ကတော့ High-waisted black wool and leather skirt ဖြစ်ပြီးတော့ ဖိနပ်ကတော့ Black Naomi sandals with Balmain monogram ပါ။ ဈေးနှုန်းအနေအားဖြင့်ကတော့ သိန်း ၅၀ ကျော်နဲ့ သိန်း ၂၀ ကျော်စီပါလို့ သိရပါတယ်။

နေခြည်ဦးက ” နေခြည့်ရဲ့ နေထိုင်မှုပုံစံမှာ ဝတ်စားဆင်ယင်မှုက အခမ်းနားဆုံး အစိတ် အပိုင်းတစ်ခုလိုပါဘဲ” ဆိုပြီး သူမရဲ့ အလှပုံရိပ်တွေကို ဖော်ပြထားပါတယ်။သူမပြောသလိုပဲ သူမရဲ့ ဝတ်စုံလေးက အရမ်းခမ်းနားလှပါတယ်။

သရုပ်ဆောင် နေခြည်ဦး ရဲ့ အမိုက်စား ပုံရိပ်ကလေးကို ပရိသတ်တွေသဘောကျလိ်မ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;nay chi oo
Photo ;Thi Ha,Rerference&Credit:momolay.com

Comments are closed.