ခစှဇွနီးက ဘယလွောကထွိအေ ရးပါကှောငွး စကားလုံးနညွးနညွးနဲ့ ထိထိမိမိပှောပှခဲ့တဲ့ လငွးလငွး

ခစှဇွနီးက ဘယလွောကထွိအေ ရးပါကှောငွး စကားလုံးနညွးနညွးနဲ့ ထိထိမိမိပှောပှခဲ့တဲ့ လငွးလငွး

အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ အရုပ်လေးတွေလို ချစ်စရာကောင်းတဲ့ အမြွာသမီးလေးနှစ်ဦးနဲ့အတူ အနုပညာ အလုပ်တွေလုပ်ရင်း ဘဝကိုပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ လတ်တလောမှာတော့ လင်းလင်းက ချစ်ဇနီးလေးက သူ့ဘဝမှာ ဘယ်လောက်ထိ အရေးပါကြောင်း စကားလုံးနည်း နည်းနဲ့ ထိထိမိမိ ပြောပြခဲ့တာ တွေ့ရပါတယ်။ ချစ်သုဝေတစ်ယောက်ကတော့ ဒီလောက် ထိချစ်တတ်တဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားရလို့ အရမ်းကံကောင်းပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဆယ်ကျော်သက်လူငယ်တွေတောင် ထိုင်ငိုသွားရလောက်တဲ့ လင်းလင်းရဲ့ အကြင်နာစာသားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

လင်းလင်းကတော့ “ကျွန်တော့် ရဲ့ သူမ ကျွန်တော့်အတွက် သူမ သူမ ကြောင့် ကျွန်တော် သူမအတွက် ကျွန်တော်” ဆိုပြီး စကားလုံးနည်းနည်းနဲ့ ထိမိတဲ့စာလေးရေးပြီး ချစ်ဇနီးကို ဘယ်လောက်ထိချစ်ကြောင်း သက်သေပြခဲ့တာပါ။

လတ်တလောမှာတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ နှစ်ကိုယ်တည်း ခရီးထွက်နေကြတာဖြစ်ပြီး၊ လင်းလင်းကတော့ ချစ်ဇနီးရဲ့ ပင်တိုင် ဓာတ်ပုံဆရာဖြစ်နေတာပါနော်။

အရမ်းကို လိမ္မာပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံ…။

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေ တို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ ဖေေ ဖ၊ မေမေတို့ထက်တောင် ချစ်ခင်သူတွေ ပိုများတဲ့ ဆယ်လီမီးမီးလေးတွေကတော့ မိဘနှစ်ပါး နဲ့တူလို့ ဂီတကို ဝါသနာပါကြတာလည်း တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်း ချစ်တတ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းလွန်းသူလေး ချစ်သုဝေကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Chit Thu Wai’s Facebook,Reference& Credit:momolay.com

Comments are closed.