ပရိသတ်နဲ့ လပေါင်းများစွာ ဝေးကွာနေပြီးနောက် နှစ်သစ်မှာ ပထမဆုံးပုံလေး ချပြလာတဲ့ ဖွေးဖွေး

သရုပ်ဆောင် ဖွေးဖွေးကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့ အတူကျရာ ဇာတ်ကောင်မှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောပဲဖြစ်ပါတယ်။

ဖွေးဖွေးက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ တစ်သားတည်းပါဝင်ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ မတရားအမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလကတည်းက အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီးနောက် (၅၀၅) ကနဲ့လည်း တရားစွဲဆိုခံခဲ့ရတဲ့ ဖွေးစိန်လေးက ပရိသတ်တွေနဲ့ အနည်းငယ် ဝေးကွာသွားခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့မှာတော့ ဖွေးစိန်က သူမရဲ့ နှစ်သစ်၊ လူသစ်၊ စိတ်သစ်ဖြစ်နေတဲ့ ပုံရိပ်လေးနဲ့ကို

Advertisement

“Started this year By accepting the Fact that “Phway” is Gone…🕊🌿

2022 is to find The-Better-Version of New self ..

But for now I am Gone..” ဆိုတဲ့ စာသားလေးနဲ့အတူ ပရိသတ်တွေဆီချပြခဲ့တာပဲ ဖြစ်ပါတယ်။

Source: Shwe YeeKo Oo’s Facebook Acc 

Advertisement

[zawfyi]




Advertisement





Advertisement


Be the first to comment

Leave a Reply

Your email address will not be published.


*