ဓာတျလိုကျပွီး သဆေုံးသှားတဲ့ သားေ လးကို၊ ယူကွုံးမရ ဖကျပွီးငိုနရှောတဲ့ မိခငျ

ဓာတျလိုကျပွီး သဆေုံးသှားတဲ့ သားေ လးကို၊ ယူကွုံးမရ ဖကျပွီးငိုနရှောတဲ့ မိခငျ

ပီးခဲ့တဲ့ အောက်တိုဘာလ(၁၀)ရက်က အင်ဒိုနီးရှား သတင်းစာမျက်နှာတွေထက်မှာ ကလေး မိခင်တစ်ဦးဟာ မတော်တဆ ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ သားလေးကို ယူကြုံးမရဖက်ပြီး ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှ ပျံ့နှံ့လာခဲ့ပါတယ်။

အဆိုပါကလေးမိခင်ဟာ သေဆုံးသွားတဲ့ သားလေးကို အမေ့ဆီပြန်လာခဲ့ပါဆိုပြီး အော်ငိုနေ ခဲ့တာပါ၊ သူမဟာ အင်ဒိုအမျိုးသမီးတစ်ယောက် ဖြစ်လင့်ကစား၊ ဗွီဒီယိုဖိုင်ကတော့ မလေးရှား လူမှုကွန်ရက်တစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့တာလို့ ဆိုပါတယ်။ ကလေးရဲ့အမည်မှာ Arfan လို့ သိရပါတယ်။

ကလေးဟာ သူ့ဘာသာသူ ဘာသာဘာဝ ကြမ်းပြင်ပေါ်မှာ လျှောက်ကစားနေရင်း၊ ဖုန်းအား သွင်းတဲ့ ကြိုးကိုတွေ့ပြီး ဆော့ကစားခဲ့တာပါ။ အဲဒီအားသွင်းကြိုးဟာ ပလပ်မှာ တပ်လျှက် တန်းလန်းဖြစ်နေပါတယ်။ ဒီကြားထဲ ပလပ်ရဲ့မိန်းခလုတ်ကိုလည်း မိဘတွေက ပိတ်မထား ခဲ့ပါဘူး။

ဒီလိုနဲ့ Arfan တစ်ယောက် ဆိုးဆိုးရွားရွား ဓာတ်လိုက်ခံလိုက်ရပါတယ်။ မိခင်က ညှော်နံ့တွေ ထွက်လာမှ သားဖြစ်သူ ဓာတ်လိုက်ပြီး သတိမေ့နေတာကို တွေ့လိုက်ရတာပါ။ ကလေးကို Indramayu မှာတည်ရှိတဲ့ ပြည်သူ့ဆေးရုံဆီ အမြန်ခေါ်သွားခဲ့ပေမယ့် အသက်ကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။

ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ဘယ်အိမ်မှာပဲဖြစ်ဖြစ်၊ လျှပ်စပ်နဲ့အသုံးပြုရတဲ့ မီးကြိုးတွေ၊ ပလပ်ခုံတွေကို ကြမ်းပြင်ပေါ်မှာ ဖြစ်သလိုထားပြီး အသုံးပြုခြင်းကို ရှောင်ရှားဖို့လိုနေတာကို သတိထားသင့်ပါတယ်။ အိမ်မှာ ကလေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လျှပ်စစ်ကို စနစ်တကျ သုံးစွဲခြင်းက ဘေးကင်းစေမှာ ဖြစ်ပါတယ်။

credit – နသူရိန္ D Nae Khit Media

Unicode

ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ သားလေးကို၊ ယူကြုံးမရ ဖက်ပြီးငိုနေရှာတဲ့ မိခင်

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၀)ရက်က အင်ဒိုနီးရှား သတင်းစာမျက်နှာတွေထက်မှာ ကလေး မိခင်တစ်ဦးဟာ မတော်တဆ ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ သားလေးကို ယူကြုံးမ ရဖက်ပြီး ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှ ပျံ့နှံ့လာခဲ့ပါတယ်။

အဆိုပါကလေးမိခင်ဟာ သေဆုံးသွားတဲ့ သားလေးကို အမေ့ဆီပြန်လာခဲ့ပါဆိုပြီး အော်ငိုနေ ခဲ့တာပါ၊ သူမဟာ အင်ဒိုအမျိုးသမီးတစ်ယောက် ဖြစ်လင့်ကစား၊ ဗွီဒီယိုဖိုင်ကတော့ မလေး ရှား လူမှုကွန်ရက်တစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့တာလို့ ဆိုပါတယ်။ ကလေးရဲ့အမည်မှာ Arfan လို့ သိရပါတယ်။

ကလေးဟာ သူ့ဘာသာသူ ဘာသာဘာဝ ကြမ်းပြင်ပေါ်မှာ လျှောက်ကစားနေရင်း၊ ဖုန်းအား သွင်းတဲ့ ကြိုးကိုတွေ့ပြီး ဆော့ကစားခဲ့တာပါ။ အဲဒီအားသွင်းကြိုးဟာ ပလပ်မှာ တပ်လျှက် တန်းလန်းဖြစ်နေပါတယ်။ ဒီကြားထဲ ပလပ်ရဲ့မိန်းခလုတ်ကိုလည်း မိဘတွေက ပိတ်မထား ခဲ့ပါဘူး။

ဒီလိုနဲ့ Arfan တစ်ယောက် ဆိုးဆိုးရွားရွား ဓာတ်လိုက်ခံလိုက်ရပါတယ်။ မိခင်က ညှော်နံ့တွေထွက်လာမှ သားဖြစ်သူ ဓာတ်လိုက်ပြီး သတိမေ့နေတာကို တွေ့လိုက်ရတာပါ။ ကလေးကို Indramayu မှာတည်ရှိတဲ့ ပြည်သူ့ဆေးရုံဆီ အမြန်ခေါ်သွားခဲ့ပေမယ့် အသက်ကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။

ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ဘယ်အိမ်မှာပဲဖြစ်ဖြစ်၊ လျှပ်စပ်နဲ့အသုံးပြုရတဲ့ မီးကြိုးတွေ၊ ပလပ်ခုံတွေကို ကြမ်းပြင်ပေါ်မှာ ဖြစ်သလိုထားပြီး အသုံးပြုခြင်းကို ရှောင်ရှားဖို့လိုနေတာကို သတိထားသင့်ပါတယ်။ အိမ်မှာ ကလေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လျှပ်စစ်ကို စနစ်တကျ သုံးစွဲခြင်းက ဘေးကင်းစေမှာ ဖြစ်ပါတယ်။

credit – နသူရိန် D Nae Khit Media

Comments are closed.