“Top Finalist ထဲမှာပါမယ်လို့ ထင်ကြေးပေးခံနေရတဲ့ Manmar Idol Season (4) မှ အမျိုးသမီး ပြိုင်ပွဲဝင်များ
“Top Finalist ထဲမှာပါမယ်လို့ ထင်ကြေးပေးခံနေရတဲ့ Manmar Idol Season (4) မှ အမျိုးသမီး ပြိုင်ပွဲဝင်များ
ပရိသတ်အားပေးမှုအခိုင်အမာရှိပြီးဖြစ်ပြီးTop Finalist ထဲမှာပါမယ်လို့ ပရိသတ်တွေ ရဲ့ထင်ကြေးပေးခံနေရတဲ့ Manmar Idol Season (4) မှ အမျိုးသမီပြိုင်ပွဲဝင်တွေကတော့…
(၁)အက်စတာဒေါ့သ်ချင်းဆုန်
အက်စတာဒေါ့သ်ချင်းဆုန် ကတော့ ရန်ကုန်အော်ဒီရှင်ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ Golden Ticket ရရှိခဲ့တာပါ။ချစ်စရာကောင်းလွန်းတဲ့ ချင်းမလေးတစ်ဦးဖြစ်ပြီး ပရိသတ် တွေက ချစ်စနိုးနဲ့ “ဆုန်ဆုန်” လိုခေါ်လေ့ရှိကြပါတယ်။ဆုန်ုဆုန်ရဲ့ ပြိုင်ပွဲဝင် ဗီဒီယိုဖိုင်လေး ကတော့ ကြည့်ရှုသူ(၃)သန်းနီးပါ ရှိခဲ့တဲ့အပြင် ဒုတိယ ဆုန်သင်းပါရ်လို့ ပါ တင်စားရတဲ့ အထိ သူရဲ့ အဆိုစွမ်းရည်ကတော့ အံ့မခန်းပါပဲ။ဒါကြောင့်လည်း ပရိသတ်တွေက ဆုန်ဆု န်ကို Top Finalist ထဲရောက်ရှိလာမည့် ပြိုင်ပွဲတစ်ဦးဆိုပြီး ထင်ကြေး နေကြတာလည်း ဖြစ်ပါတယ်။
(၂)အေးမြဖြူ
အေးမြဖြူကတော့ ငယ်စဉ်ကတည်းကသီချင်းဆိုပြိုင်ပွဲတွေမှာ ဆုတွေရခဲ့တဲ့ အဆိုရှင် လေးဖြစ်ခဲ့ပြီး အခုဆိုရင် ပရိသတ်တွေရှေ့ကို ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ပြန်လည် ထွက်ပေါ်လာတဲ့သူလည်းဖြစ်ပါတယ်။သူမရဲ့အသက်ကတော့ (၁၆) နှစ်သာ ရှိသေးတဲ့အပြ င် မိသားစုကလည်း သူမရဲ့ ဝါသနာကို ပံံ့ပိုးအားပေးတာကြောင့် အနုပညာအပေါ်အားစို က်ကာ ကြိုးစားမယ့် ပြိုင်ပွဲဝင်တစ်ယောက်လို့ ဆိုရမှာပါ။အသက်ငယ်ငယ်လေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိပြီး ကြည့်လင်ပြတ်သားလှအသံလေးနဲ့ တည်ငြိမ်စွာ သီချင်းတွေကို သီဆိုနိုင်ခဲ့တာကြောင့် ပရိသတ်တွေကတော့ Top Finalist ထဲမှာပါကိုပါမယ်လို့ ထင်ကြေး ပေးနေကြတာပါ။
(၃)လမင်းအိမ်
လမင်းအိမ်ကတော့ လွိုင်ကော်မြို့ကနေ လာရောက်ယှဉ်ပြိုင်သူဖြစ်ပြီး သူကတော့ Myanmar Idol အစီအစဉ်နဲ့တော့ သိပ်စိမ်းလှတဲ့သူမဟုတ်ပါဘူး။လမင်းလို့ ပရိသတ် တွေ က ချစ်စနိုးခေါ်တဲ့ သူဟာ Myanmar Idol Season (3) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး Top (20) အထိ ရောက်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။သူကိုတော့ ပရိသတ်တွေက မနှစ်ကတ ည်းက Finalist ပါမယ်လို့ ယုံကြည့်ခဲ့တာမို့ ဒီနှစ်တော့ သေချာပေါက် ပါမယ်ဆိုပြီး ထင် ကြေးပေးကြသလို သူမပါရင် Myanmar Idol ကိုမကြည့်တော့ဖူးလို့တောင်ဆိုတဲ့အထိ အားပေးကြမ်းတဲ့ ပရိသတ်ကိုပိုင်ဆိုင်ထားပါတယ်။
(၄)ခြူးစစ်ဟန်
ခြူးစစ်ဟန်ကတော့ Miss Face of Beauty Myanmar (2015)ဆုကြီးကိုရရှိထားတဲ့ အလှမယ်တစ်ယောက်ဖြစ်သလို မော်ဒယ်လ်၊မင်းသမီးတစ်ယောက်ဖြစ်တာကြောင့် နာမည်ရပြီးသားလူတစ်ယောက်ပဲဖြစ်ပါတယ်။ မော်ဒယ်လ်၊မင်းသမီးတစ်ယောက်အနေနဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ ခြူးစစ်ဟန်ဟာအခုလို သီချင်းဆိုပြိုင်ပွဲ့ကြီးကို ဝင်ရော က်ယှဉ်ပြိုင်တဲ့အခါမှာလည်း ပရိသတ်ရဲ့အားပေးမှုအခိုင်အမာထပ်မံ ရရှိပြီး သားလို့ လည်းဆိုရမှာပါ။ဒီပွဲကိုပါဝင်လာတာကြောင့် ဝေဖန်မှုတွေရှိသလို အားပေးတဲ့ပရိသ တ်က တော့ တော်တော်လေးကိုများပြီး ဆွဲဆောင်မှုရှိတဲ့ သူရဲ့အဆိုပါရမီကြောင့် ပရိသတ် တွေရဲ့Top Finalist ထဲမှာပါမယ်လို့ ထင်ကြေးပေးခံနေရတာလည်းဖြစ်ပါတယ်။
ကဲ CeleGabar ပရိသတ်ကြီးရော ဘယ်သူကိုအကြိုက်ဆုံးလဲ၊သူတို့သာ Finalistပါရင် အားပေးကြမှာလား။. DarDar-CeleGabar&Source:Celegabar.com
ဇော်ဂျီဖြင့်ဖတ်ရန်
(၂)အေးမြဖြူ
(၃)လမင်းအိမ်
(၄)ခြူးစစ်ဟန်
Comments are closed.