ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးတော့မယ့် ဖြူဖြူထွေး”

ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးတော့မယ့် ဖြူဖြူထွေး”

ဖြူဖြူထွေးကတော့ လူမှုကွန်ရက်စာမျက်နှာကနေ ဟာသဗီဒီယိုလေးတွေကို ဖန်တီးပြီး တင်ဆက်ရင်း လက်ရှိမှာအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်တွေ ရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။မကြာသေးမီကလည်း နာမည်ကြီး ကုမ္ပဏီတစ်ခုနဲ့ နိုင်ငံခြားမှာ ကြော်ငြာသွားရောက် ရိုက်ကူးဖို့ ကမ်းလှမ်းခံရတဲ့ အထိကို အောင်မြင်မှုတွေရရှိထားတာလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ဖြူဖြူထွေးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ပါဝင်ရိုက်ကူးတော့ မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ဖြူဖြူထွေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးတော့မယ့်အကြောင်းကို “ဇာတ် ကား ကြီးက နောက်လလောက်မှာ စတင်ပြီးရိုက်ကူးမယ်ပေါ့နော်။ ကန်တော့ပွဲပေးခါနီး ကျရင်တော့ အားလုံးကို အသိပေးမှာပါ။အတူတူတွဲသရုပ်ဆောင်ရမယ့် သရုပ်ဆောင်က ကိုယ်အရမ်းချစ်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုတော့ နည်းနည်းတော့ ရင်ခုန် နေပါတယ်”လို့ သရုပ်ဆောင်ဖို့အတွက်ကို ကြောက်နေတဲ့ အကြောင်း ရင်ဖွင့်ပြောကြား လာ တာပဲဖြစ်ပါတယ်။

ရိုက်ကူးမယ့် ဇာတ်ကားကြီးကတော့ ဟာသရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဖြူဖြူထွေးရဲ့ ပင်ကို ယ်သဘာဝနဲ့ ကိုက်ညီတဲ့ ကာရိုက်တာမျိုးကို ရိုက်ကူးရမှာဖြစ်တယ်လို့လည်း သိရှိရပါတ ယ်။ဖြူဖြူထွေးတစ်ယောက်ပါဝင်ရိုက်ကူးမယ့် ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ကရီုက်ကူးမှာဖြစ်ပါတယ်။ကဲCeleGabar ပရိသတ်ကြီးရေ ဖြူဖြူထွေး သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးက ဘယ်ဇာတ် ကားများဖြစ်မလဲ ဖြေပေးခဲ့ပါဦးနော်။

Source : Exclusive On CeleGabar
Chilli – CeleGabar,Reference&Source:Celegabar.com

[Zawgyi]




Comments are closed.