အားပေးကြမ်းတဲ့ပရိသတ်ကိုမြင်တွေ့ရတဲ့အခိုက်အတန့်က အခမ်း နား ဆုံး ပါပဲဆိုတဲ့ နေတိုး

အားပေးကြမ်းတဲ့ပရိသတ်ကိုမြင်တွေ့ရတဲ့အခိုက်အတန့်က အခမ်း နား ဆုံး ပါပဲဆိုတဲ့ နေတိုး

ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဘက်စုံတော်တဲ့အနုပညာရှင်တစ်ဦးဖြစ်တယ်လို့ ပရိသတ် တွေကောက်ချက်ချခံထားတဲ့ နေတိုးကတော့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို (၃) ဆုရရှိထားတဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။သူကတော့ ရုံတင်ပြသနေတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး ကိုလာရောက်အားပေးတဲ့ပရိသတ်တွေကို မြင်တွေ့ရတဲ့အခိုက်အတန့်က ခမ်းနားတဲ့အကြောင်းကို “ဦးနိုင်အတွက်တော့ ကော်ဖီတစ် ခွက်ကခမ်းနားချင်ခမ်းနားပါလိမ့်မယ်။ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ အခမ်းနားဆုံး ရှပ်ရှင်နဲ့အတူပရိသတ်ကိုအခုလိုမြင်ခွင့်ရတာအခမ်းနားဆုံးပါပဲ။အမှတ်တရရိုက်ထားတာလေးတွေရှိရင်…comment ကနေ…ကျွန်တော်ကိုဆက်ခမ်းနားခွင့်ပေးပါ …ထာဝရကြိုး စားရင်း နေတိုး” လို့သူရဲ့လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ သူပီပီ (၂၀၀၉)ခုနှစ်မှာ “မိုးညအိပ်မ က်ဖြူ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့တစ်ကြိမ်၊ (၂၀၁၅)ခုနှစ်မှာ “နက္ခတ်မှားတဲ့ တိုက်ပွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့တစ်ကြိမ်၊ (၂၀၁၇)ခုနှစ်မှာ “တာတေကြီး”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ တစ်ကြိမ်၊ (၃)ကြိမ်တိတိ အကောင်းဆုံးအမျိုးသားဇာတ်ဆော င်ဆုကြီးကိုရရှိထားပါသေးတ ယ်။ သရုပ်ဆောင်အရည်အချင်း မှာသာမက ဟာသညဏ်ရွှင်သူ ဖြစ်တာမို့ နှင်းဆီအငြိ မ့်များတွ င်လည်း လူရွှင်တော်တစ်ယောက် အဖြစ် ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်းဖြစ်ပါတယ်။

“အခမ်းနားဆုံးမေတ္တာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နေတိုးအပါအဝင် နိုင်ငံ ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ ရဲအောင်၊ စိုးမြတ်သူဇာတို့နဲ့အတူ ပရိသတ်အချစ် တော်တွေ ဖြစ်တဲ့ သူရိယ၊တိုင်ရွန်၊ နေခြည်ဦး၊ မေဘရဏီသော် တို့က ပါဝင်ပုံဖော်သရုပ်ဆော င်ထား ကြ တယ်လို့သိရပါတယ်။ “အခမ်းနားဆုံးမေတ္တာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ Romantic ဆန်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး အခမ်းနားဆုံးဖြစ်အောင် ဒါရိုက်တာ ပွင့်သီင်္ဂီဇော်က စိတ်ကူးပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ နေတိုးရဲ့ “အခမ်းနားဆုံးမေတ္တာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးကြည့်ရှုပြီး ကြပြီလား။

Source: Nay Toe
DarDar-CeleGabar,Reference&Source:Celegabar.com

[Zawgyi]

ရခိုင္တိုင္းရင္းသားတစ္ဦးျဖစ္ၿပီး ဘက္စုံေတာ္တဲ့အႏုပညာရွင္တစ္ဦးျဖစ္တယ္လို႔ ပရိသတ္ ေတြေကာက္ခ်က္ခ်ခံထားတဲ့ ေနတိုးကေတာ့ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆု ကို (၃) ဆုရရွိထားတဲ့ ထိပ္တန္းမင္းသားတစ္ဦးပဲ ျဖစ္ပါတယ္။သူကေတာ့ ႐ုံတင္ျပသေနတဲ့ “အခမ္းနားဆုံးေမတၱာ” ႐ုပ္ရွင္ဇာတ္ကားႀကီး ကိုလာေရာက္အားေပးတဲ့ပရိသတ္ေတြကို ျမင္ေတြ႕ရတဲ့အခိုက္အတန႔္က ခမ္းနားတဲ့အေၾကာင္းကို “ဦးနိုင္အတြက္ေတာ့ ေကာ္ဖီတစ္ ခြက္ကခမ္းနားခ်င္ခမ္းနားပါလိမ့္မယ္။ဒါေပမဲ့ ကၽြန္ေတာ့္အတြက္ကေတာ့ အခမ္းနားဆုံး ရွပ္ရွင္နဲ႔အတူပရိသတ္ကိုအခုလိုျမင္ခြင့္ရတာအခမ္းနားဆုံးပါပဲ။အမွတ္တရရိုက္ထားတာေလးေတြရွိရင္…comment ကေန…ကၽြန္ေတာ္ကိုဆက္ခမ္းနားခြင့္ေပးပါ …ထာဝရႀကိဳး စားရင္း ေနတိုး” လို႔သူရဲ့လူမွုကြန္ရက္ စာမ်က္နာမွ ေဖာ္ျပထားပါတယ္။

က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္စြာ သ႐ုပ္ေဆာင္နိုင္တဲ့ သူပီပီ (၂၀၀၉)ခုႏွစ္မွာ “မိုးညအိပ္မ က္ျဖဴ”႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔တစ္ႀကိမ္၊ (၂၀၁၅)ခုႏွစ္မွာ “နကၡတ္မွားတဲ့ တိုက္ပြဲ” ႐ုပ္ရွင္ ဇာတ္ကားႀကီးနဲ႔တစ္ႀကိမ္၊ (၂၀၁၇)ခုႏွစ္မွာ “တာေတႀကီး”႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ တစ္ႀကိမ္၊ (၃)ႀကိမ္တိတိ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာ င္ဆုႀကီးကိုရရွိထားပါေသးတ ယ္။ သ႐ု ပ္ေဆာင္အရည္အခ်င္း မွာသာမက ဟာသညဏ္ရႊင္သူ ျဖစ္တာမို႔ ႏွင္းဆီအၿငိ မ့္မ်ားတြ င္လည္း လူရႊင္ေတာ္တစ္ေယာက္ အျဖစ္ ပရိသတ္ရဲ့ အားေပးမွုကို အခိုင္အမာ ရရွိထားသူလည္းျ ဖစ္ပါတယ္။

“အခမ္းနားဆုံးေမတၱာ”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ေနတိုးအပါအဝင္ နိုင္ငံ ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ရဲေအာင္၊ စိုးျမတ္သူဇာတို႔နဲ႔အတူ ပရိသတ္အခ်စ္ ေတာ္ေတြ ျဖစ္တဲ့ သူရိယ၊တိုင္ရြန္၊ ေနျခည္ဦး၊ ေမဘရဏီေသာ္ တို႔က ပါဝင္ပုံေဖာ္သ႐ုပ္ေဆာ င္ထား ၾက တယ္လို႔သိရပါတယ္။ “အခမ္းနားဆုံးေမတၱာ”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ Romantic ဆန္တဲ့ ဇာတ္ကားေလးတစ္ကားျဖစ္ၿပီး အခမ္းနားဆုံးျဖစ္ေအာင္ ဒါရိုက္တာ ပြင့္သီဂႌေဇာ္က စိတ္ကူးပုံေဖာ္ရိုက္ကူးထားတာျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ ေနတိုးရဲ့ “အခမ္းနားဆုံးေမတၱာ”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို အားေပးၾကည့္ရွုၿပီး ၾကၿပီလား။

Source: Nay Toe
DarDar-CeleGabar,Reference&Source:Celegabar.com

Comments are closed.