ချစ်စရာ မြန်မာဝတ်စုံလေးနဲ့ အလှ ဆုံး ပွဲတက်ခဲ့တဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေ

ချစ်စရာ မြန်မာဝတ်စုံလေးနဲ့ အလှ ဆုံး ပွဲတက်ခဲ့တဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေ

ချစ်စရာကောင်းတဲ့ မျက်နှာလေးပိုင်ဆိုင်ထားလို့ ပရိသတ်တွေက ခေးလို့ချစ်စနိုးခေါ်ကြတဲ့ ခင်ဝင့်ဝါဟာဆိုရင် သရုပ်ဆောင်အလုပ်ကိုပိုင်ပိုင်နိုင်နိုင်နဲ့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ေ ဆာင်နိုင်သူလေးပဲဖြစ်ပါတယ်။ မြန်မာဆန်ဆန်လေးနဲ့ ချစ်စရာကောင်းတဲ့ သူမကတော့ လတ်တလောမှာလည်း ချစ်စရာ မြန်မာဝတ်စုံလေးနဲ့ အလှဆုံး ပွဲတက်ခဲ့တဲ့ သူမရဲ့ပွဲတက်ပုံရိပ် တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ကြွေရုပ်လေးတစ်ရုပ်လို လှနေတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

အပိုင်သိမ်းထားချင်လောက်အောင် လှရက်လွန်းတဲ့ ခင်ဝင့်ဝါရဲ့ ပွဲတက်ပုံ ရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ခင်ဝင့်ဝါကတော့ “ခေး ကို… သတိတရ လွမ်းဆွတ် နေ မှာ စိုး လို့ ဓါတ် ပုံလေး တွေ နေ့တိုင်း လာ တင် မယ် နော်… 😁” ဆိုပြီး သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ခေးဘယ်သွားသွား အမြဲပါတဲ့ သူမရဲ့မိခင်…။

မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ လတ်တလောမှာ ရုပ်ရှင်တွေနဲ့ တွေလည်း ဆက်တိုက် ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲကြီးကလည်း လာမယ့် အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်လွှင့်ပြသတော့မှာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရင်အေးစေတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ခင်ဝင့်ဝါလေးကိုချစ် ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Khin Wint War’s Facebook,Reference&Credit:momolay.com

Comments are closed.