Kwang Soo ရဲ့ အချစ်ရေးနဲ့ပတ် သက်တဲ့ ရှင်းလင်းပွဲRunning Man အပိုင်းမှာ ပါဝင်

Kwang Soo ရဲ့ အချစ်ရေးနဲ့ပတ် သက်တဲ့ ရှင်းလင်းပွဲRunning Man အပိုင်းမှာ ပါဝင်

တောင်ကိုရီးယားရဲ့ နာမည်ကြီး Running Man Show ရဲ့ အပိုင်းမှာတော့ Kwang Soo ရဲ့ အချစ်ရေးနဲ့ပတ် သက် ပြီး ရှင်းလင်း တဲ့ပွဲလေးတစ်ခု ပါဝင်မယ်လို့ သိရပါတယ်။Kwang Soo ကတော့ လက်တလောမှာ အသက် (၂၄)နှစ် အရွယ် မင်းသမီး Lee Sun Bin နဲ့တွဲနေပါတယ်။သူတို့နှစ်ယောက်ရဲ့ အချစ်ရေးသတင်းကတော့ (၂၀၁၈)ဒီဇင်ဘာလ ထုတ်လုပ်သူ Producer Lee Hwan Jin  ကတော့Kwangsoo အချစ်ရေးနဲ့ပတ်သက်ပြီး RM အဖွဲ့ဝင်တွေ နဲ့ အတူ ရှင်းလင်းပွဲလေးလုပ်နေတဲ့ ရိုက်ကွင်းက ပုံလေးကို တင်ထားပါတယ်။ “This week’s episode is going to be wild. #epic #pressconference #kekeke  ဆိုတဲ့ Caption နဲ့ အတူတင်ထားပါတယ်။

ဒီတစ်ပတ်လာမယ့် RM ရဲ့ အပိုင်းကတော့ ပရိသတ်တွေကြားမှာ သေချာပေါက်ရေပန်းစားပြီး ကြည့်ရှုနှုန်း မြင့်မှာတော့ သေချာပါတယ်။ပုံထဲမှာတော့Kwang Soo က စားပွဲရဲ့ အလယ်ခေါင်မှာ ထိုင်နေပြီး သူ့ရဲ့ ဘေးမှာတော့ RM အဖွဲ့ သား တွေ က တစ်ဖက်တစ်ချက်စီဝန်းရံထားပါတယ်။ဒါကတော့ ပရိသတ်တွေကြားမှာ အပြောများစေခဲ့တဲ့ RM အဖွဲ့ ၀င်တွေရဲ့ ပထမဆုံး အချစ်ရေးမဟုတ်ပါဘူး။

Kwangsoo မတိုင်ခင်ကလည်း HaHa နဲ့ Byul တို့ရဲ့ အချစ်ရေး ကိစ္စ ထွက်ပေါ်ခဲ့ဖူးပါတယ်။သူတို့နှစ်ယောက်ကတော့ (၂၀၁၂)မှာ လက်ထပ်ခဲ့ပါတယ်။Song Jihyo နဲ့ Kim Jong Kook တို့ လည်း ပတ်သက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း မကြာသေးမီက ထွက်ပေါ် ခဲ့ဖူးပါတယ်။

ဟာသဥာဏ်အရမ်းရှိတဲ့ Kwang Soo တစ်ယောက် ဒီတစ်ခေါက် အပိုင်းမှာတော့ သူ့အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီး RM အဖွဲ့ဝင်တွေနဲ့ အတူ ပရိသတ်တွေကို ဘယ်လိုတွေ ရှင်းလင်းပြောပြသွားမလဲ ဆိုတာကိုတော့ မကြာခင် မှာ ကြည့်ရတော့မှာပါ။

Lee Sun Bin ကတော့ (၂၀၁၆)တုန်းက  “Running Man,” Show မှာ ပါဝင် ခဲ့ဖူးပါတယ်။ ပရိသတ်တွေကို Official ထုတ်မပြောခင်တည်းက နှစ်ယောက်လုံးရဲ့ ပတ်သက်မှုအကြောင်းကို မိတ်ဆွေ အသိုင်း အ၀ိုင်းတွေရှေ့မှာ ပွင့်ပွင့်လင်းလင်း ထုတ်ပြခဲ့ပြီးသားပါ။သူငယ်ချင်းတွေနဲ့ ဆုံတဲ့ပွဲတွေ၊တခြားတွေ့ဆုံပွဲ တွေ မှာ အတူတူတွဲတက်ခဲ့သလို Lee Sun Bin ကို “ဒါကျတော့်ရဲ့ ချစ်သူ ပါ” ဆိုပြီး Kwang Soo က ထုတ်ပြခဲ့ပြီးသား လို့ သိရပါတယ်။

Source asiaone.

Comments are closed.