သက်မွန်မြင့်ရဲ့ နောက်ထပ်အကယ် ဒမီမှတ်တိုင်တစ်ခု ဖြစ်လာဦးမယ့် “သခင်ကြီးနဲ့ငါးပိတို့စရာ” Trailer

သက်မွန်မြင့်ရဲ့ နောက်ထပ်အကယ် ဒမီမှတ်တိုင်တစ်ခု ဖြစ်လာဦးမယ့် “သခင်ကြီးနဲ့ငါးပိတို့စရာ” Trailer

နိုင်ငံကျော် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ သက်မွန်မြင့်က သရုပ်ဆောင်တဲ့နေရာမှာ စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံးလုပ်ဆောင်တတ်တာကြောင့် ကောင်းသတ င်းမွှေးသူတစ်ဦး ဖြစ်ပါတယ်။ သက်မွန်မြင့်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အကယ်ဒမီဆုကီး နှစ်ဆုကို ပိုင်ဆိုင်ရရှိခဲ့ပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းထားနို င် သူလေး ဖြစ်ပါတယ်။ သက်မွန်မြင့်က ယခုအချိန်ထိတိုင် အားပေးသူပရိသတ် အခိုင်အမာနဲ့ အနုပညာလောကထဲမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးနေဆဲပါ။

သက်မွန်မြင့်ရဲ့ ရုံတင်ဇာတ်ကားသစ်ကို မျှော်နေကြတဲ့ ပရိသတ်တွေအတွက် “သခင်ကြီးနှ င့်ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာပဲ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

“သခင်ကြီးနှင့်ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ထားပြီး အကယ်ဒမီ သက်မွန်မြင့်၊ ထွန်းကိုကို၊ ရွှေသမီး၊ နေရဲ၊ မင်းခ၊ သိန်းလင်း၊ ဇင်ဝိုင်း၊ နိုင်လူ စတဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ “သခင်ကြီးနှင့်ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ထွက်ရှိလာပြီမို့ မိုမိုလေးပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

“သခင်ကြီးနှင့်ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားကြီးက မင်းသမီးအဓိက ဇာတ်လမ်းမျိုးဖြစ်လို့ သက်မွန်မြင့်ရဲ့ နောက်ထပ်အကယ်ဒမီမှတ်တိုင်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ “သခင်ကြီးနှင့်ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလ (၃၁) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲနော်။

Rowena
Source: သခင်ကြီးနှင့်ငါးပိတို့စရာ,Reference&Credit:momolay.com

Comments are closed.