ပိုစတာနဲ့တင် လူစိတ်ဝင်စားမှုမြင့် တ က်နေတဲ့ “Box 88” ရုပ်ရှင်ဇာတ် ကား ကြီး

ပိုစတာနဲ့တင် လူစိတ်ဝင်စားမှုမြင့် တ က်နေတဲ့ “Box 88” ရုပ်ရှင်ဇာတ် ကား ကြီး

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အပေးယူမျှမျှနဲ့ အတွဲညီညီ သရုပ်ဆောင်တတ်တဲ့ နေတိုး၊ ထွန်းထွန်းနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မျှော်နေကြတဲ့ ပရိသတ်တွေ အတွက် “Box 88” ရုပ်ရှင်ကားကြီးကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ “Box 88” ရုပ်ရှင်ကားကြီးက လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကလေးသူငယ် အကြမ်းဖက်မှု များနှင့် ကြေကွဲဖွယ်ရာ အဖြစ်အပျက်များအကြောင်းကို သေသေချာချာ ရိုက်ကူးပုံဖော်ထား တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ “Box 88” ရုပ်ရှင်ကားကြီးရဲ့ Main Poster ထွက်ရှိလို့ လာပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် “Box 88” ရုပ်ရှင်ကားကြီးရဲ့ Poster ပုံလေးကို မျှဝေပေးလိုက်ပါတယ်နော်။

“Box 88” ရုပ်ရှင်ကားကြီးရဲ့ Poster ကို ဒီဇိုင်းဆရာ ကိုရဲထွဋ်နဲ့ အဖွဲ့က အကောင်းဆုံး ကြိုးစားဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇိုင်းဆရာ ကိုရဲထွဋ် တို့အဖွဲ့သားတွေက “Box 88” ရုပ်ရှင်ကားကြီးရဲ့ ပိုစတာဓာတ်ပုံတစ်ခုရရှိဖို့ အခုလိုပဲ ကြိုးစားခဲ့ရပါတယ်။

“Box 88” (သေတ္တာနံပါတ် ၈၈) ရုပ်ရှင်ကားကြီးမှာ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ ကာရာ ဗီ၊ ရွှေရင်အေး၊ မျိုးသက်ပိုင် တို့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဧည့်သည်သရုပ်ဆောင် များ အနေနဲ့ မိုးမိုးနဲ့ ဂျင်းနီတို့က ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“Box 88” (သေတ္တာနံပါတ် ၈၈) ရုပ်ရှင်ကားကြီးကို လာမယ့် နိုဝင်ဘာ (၇)ရက်နေ့မှ စတင်ပြီး တစ်နိုင်ငံလုံးမှ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများမှာ ပြသတော့မှာမို့ ဆက်ဆက် အားပေးကြဖို့ မမေ့ပါနဲ့နော်။

Rowena
Source: 7th Sense Creation,Reference& Credit:momolay.com

Comments are closed.