တစ်ချိန်ချိန် သားလေးရခဲ့ရင် အတူ ရိုက် ချင်တဲ့ပုံစံလေးတွေ ထုတ်ပြလို က်တဲ့ ဟိန်းမင်းသူ

တစ်ချိန်ချိန် သားလေးရခဲ့ရင် အတူ ရိုက် ချင်တဲ့ပုံစံလေးတွေ ထုတ်ပြလို က်တဲ့ ဟိန်းမင်းသူ

နိုင်ငံခြားသားမော်ဒယ်နဲ့တူလို့ နှုတ်ခမ်းနီမလေးတွေ သဲသဲလှုပ်ချစ်ခင်အားပေးကြတဲ့ မော်ဒယ် မင်းသားချောလေး ဟိန်းမင်းသူကတော့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ နူးညံ့ ကြင်နာတတ်တဲ့ စိတ်ထားကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ ဟိန်းမင်းသူက တစ် ချိန် ချိန် သားလေးရခဲ့ရင် အတူရိုက်ချင်တဲ့ Daddy Goal ပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေ မျှေ ပးထားတာ တွေ့ရပါတယ်။ အနက်ရောင်ဖက်ရှင်ကိုယ်စီနဲ့ အရမ်းလန်းနေတဲ့ ဟိန်းမင်းသူနဲ့ မော်ဒယ်သေးသေးလေးတို့ရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်ဖို့ကောင်းတဲ့ မော်ဒယ် ဟိန်းမင်းသူနဲ့ မော်ဒယ်ပေါက်စလေးတို့ရဲ့ခပ်မိုက်မိုက်ပုံရိပ်တွေကို ဖော်ြ ပေ ပးလိုက်ပါတယ်နော်။

ဟိန်းမင်းသူကတော့ “Future Daddy Goal !! featuring – Arrku” ဆိုပြီး ချစ်စရာ ကလေးမော်ဒယ်လေး Arrku နဲ့ အတူရိုက်ကူးထားတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှတစ်ဆင့် ဝေမျှပေးထားတာပါ။ အဆိုတော်တစ်ဦးအနေနဲ့ အောင်မြင်မှုတွေ ရရှိနေတဲ့ ဟိန်းမင်းသူ ကေ တာ့ မော်ဒယ်တစ်ဦးအနေနဲ့လည်း အရမ်းကို စမတ်ကျနေတာပါနော်။

ကလေးမော်ဒယ်ပေါက်စလေးကလည်း ဟိန်းမင်းသူနဲ့အပြိုင် ပိုစ့်ပေးကြမ်း တယ်နော်…။

အနာဂါတ်မှာ သားလေးနဲ့ Daddy Goal လေး ရိုက်ကူးချင်တယ်ဆိုတဲ့ ဟိန်းမင်းသူကတော့ လက်ရှိမှာ အချစ်ရေးသတင်းနဲ့ပတ်သတ်ပြီး ပရိသတ်တွေကို ထုတ်ဖော်ပြောထားခြင်း မရှိေ သး ပါဘူး။ လတ်တလောမှာတော့ ဟိန်းမင်းသူကသီချင်းအသစ်တွေ ဆက်တိုက်ဖန်တီးဖြစ်ေ နတာဖြစ်ပြီး တစ်ခြားသော အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဖခင်ဖြစ်လာမယ့်သူတိုင်း အားကျရလောက်တဲ့ Daddy Goal လေးကို ပြသလိုက်တဲ့ ဟိန်းမင်းသူတို့နှစ်ဦးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Hein Min Thu’s Facebook
Photo;Mie Mie Lay , Reference& Credit:momolay.com

Comments are closed.