ဂျပန်ဧကရာဇ်ထီးနန်းတက်ဂုဏ်ပွဲပြု တက်ရောက်လာတဲ့ နိုင်ငံတော်အတို င်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တဲ့ အောင်လအန်ဆန်

ဂျပန်ဧကရာဇ်ထီးနန်းတက်ဂုဏ်ပွဲပြု တက်ရောက်လာတဲ့ နိုင်ငံတော်အတို င်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တဲ့ အောင်လအန်ဆန်

မြန်မာတွေ အမြဲဂုဏ်ယူနေရတဲ့ မြန်မာနိုင်ငံဖွား ကမ္ဘာ့ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ အောင်လအန် ဆန်ကတော့ မိသားစုနဲ့အတူ နယ်ခြားမြေခြားမှာ နေထိုင်ပေမယ့်လည်း အမိမြေမြန်မာနိုင်ငံကြီး ကို မြတ်နိုးတွယ်တာလွန်းသူတစ်ဦးပါ။ အောင်လအန်ဆန်ရဲ့ဇနီးနဲ့ သားလေးကလည်း သာ ယာ လှပတဲ့ မြန်မာပြည်ကြီးကို ချစ်ခင်မြတ်နိုးတာကြောင့် အမြဲလိုလို လာရောက်လည်ပ တ်ေ လ့ ရှိကြပါတယ်။ လတ်တလောမှာ အောင်လအန်ဆန်တို့မိသားစုက ဂျပန်နိုင်ငံကို အလည် အပတ်ရောက်ရှိနေတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ ဆုံ ခဲ့တဲ့အကြောင်းကို မိုမိုလေး ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဂျပန်ဧကရာဇ်ထီးနန်းတက်ဂုဏ်ပွဲပြု အခမ်းအနားကို တက်ရောက်ရန်ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ
ရောက်ရှိနေ​သော နိုင်င်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တည်းခိုတဲ့ Hotel ကို ယ​နေ့ ည​နေ ပိုင်း က အောင်လအန်ဆန် တို့မိသားစုက သွားရောက်တွေ့ ဆုံခဲ့တာ ပါ။

အောင်လအန်ဆန်က ” ကျွန်တော်တို့မိသားစုအတွက်အရမ်းနှစ်လိုဖွယ်ကောင်းတဲ့ အံအားသင့် ဖွယ်တွေ့ဆုံမှုတခုအဖြစ်..🇲🇲နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်.ကျွန်တော်တို့စကားလက်ဆုံကျနေရင်းနဲ့ကျွန်တော်တသက်လုံးသိကျွမ်းရင်းနှီးလာတဲ့မိသားစုဝင်တစ်ယောက်နဲ့စကားစမြည်ပြောနေရသလိုခံစားလာရပါတယ်..အန်တီစုကအရမ်းသဘောကောင်းပြီးနှစ်လိုဖွယ်ကောင်းပါတယ်.ကျွန်တော်မိသားစုအန်တီစုကိုလေးစားချစ်ခင်ပြီး.အန်တီစုကလည်းကျွန်တော့်ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ပိုပြီးစိတ်အားထက်သန်ဖို့အတွက်အားပေးစကားတွေပြောပါတယ်.ဒီတွေ့ဆုံမှုကကျွန်တော်ရဲ့🇯🇵ဂျပန်ခရီးစဉ်အတွက်စိတ်လှုပ်ရှားဖွယ်အမှတ်ရစရာအခိုက်အတန့်ပါပဲ😊.ကျေးဇူးအထူးတင်ပါတယ်..အန်တီစု” ဆိုပြီးပြောထားပါတယ်။

အမေစုနဲ့ စကားပြောရတာ ကိုယ့်မိသားစုနဲ့ စကားပြောရသလို ခံစားရပြီး သူ့ကို ပိုတော်တဲ့ သူဖြစ်ဖို့ အားပေးစကားတွေပြောခဲ့တယ်လို့ ပြောထားတာပါ။

ကမ္ဘာ့ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မိသားစုနဲ့ နိုင်ငံတော်အတို င်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;Aung La Nsang ,Reference&Credit:momolay.com

Comments are closed.