ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်​ ရုတ်​တရက်​ ​ဆေးရုံတက်​လိုက်​ရတဲ့ သရုပ်​​ဆောင်​ ​မေတ္တာ

ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်​ ရုတ်​တရက်​ ​ဆေးရုံတက်​လိုက်​ရတဲ့ သရုပ်​​ဆောင်​ ​မေတ္တာ

ပရိသတ်​​တွေကို စစ်​မှန်​တဲ့ အနုပညာ​တွေနဲ့ အပန်း​ပြေ​စေခဲ့တဲ့ ဝါရင့်​သရုပ်​​ဆောင်​ကြီး ​မေတ္တာက​တော့ ဒီ​နေ့ညနေ ၄း၃၀ ​လောက်​မှာ အာရှတော်ဝင်ဆေးရုံကြီးရဲ့ အရေးပေါ်ဋ္ဌာနမှာ တက်ရောက်ကုသနေရတယ်​လို့ သိရပါတယ်​။ အဆိုပါသတင်းကို​တော့ မိတ်​​ဆွေတစ်​ဦးဖြစ်​တဲ့ သရုပ်​​ဆောင်​ ကို​ကောင်း​ကျော်​က သူ့ရဲ့လူမှုကွန်​ယက်​​ပေါ်မှာ စိတ်​မ​ကောင်းစွာနဲ့ ပရိသတ်​​တွေကို အသိ​ပေးထားတာပါ။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ ရုတ်​တရက်​ကြီး ​ဆေးရုံတက်​ခဲ့ရတဲ့ သရုပ်​​ဆောင်​ကြီး ​မေတ္တာရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ကောင်း​ကျော်​က​တော့ “ရုပ်ရှင်နှင့်vdoဟာသ သရုပ်ဆောင် ကိုမေတ္တာ ကျမ္မာရေးအခြေအနေကြောင့် ယနေ့ညနေ၄း၃၀ ခန့်တွင် အာရှတော်ဝင်ဆေးရုံကြီးတွင် အရေးပေါ်တက်ရောက်ကုသနေ ကြောင်းကြားသိရပါသည် ကိုမေတ္တာ အမြန်ဆုံးကျမ္မာပါစေဟု ဆုတောင်းပေးနေပါသည်ချစ်friတို့လဲ ဆုတောင်းပေးကြပါဦးနော်။ ကောင်းကျော် ပြန်ကြားရေးမှုး လူရွှင်တော်အသင်း(ရန်ကုန်)9-1-2019” ဆိုပြီး သူ့ရဲ့​ဖေ့စ်​ဘုတ်​မှာ ​ရေးသားထားတာပါ။

မေတ္တာရဲ့ သားဖြစ်​သူ ​မေတ္တာ​မြင့်​မြတ်​ဟိန်းကလည်း ဖခင်​​ဆေးရုံတက်​​နေရတဲ့အ​ကြောင်း ​ရေးသားထားပါ​သေးတယ်​။

မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်​ ​ဆေးရုံတက်​​နေရတဲ့ သရုပ်​​ဆောင်​ကြီး ဦး​မေတ္တာတစ်​​ယောက်​ အမြန်​ဆုံးကျန်းမာလာပါ​စေလို့ ဆု​တောင်း​ပေးလိုက်​ကြပါဦး​နော်​။

Myint Myat
Source:U Kaung Kyaw’s Facebook

Comments are closed.