“ထာဝရနှောင်ကြိုး “ရုပ်ရှင်ရဲ့ World Premiere Show မှာေ တွ့ရတဲ့ အဓိက မင်းသားနဲ့ မင်းသမီး

“ထာဝရနှောင်ကြိုး “ရုပ်ရှင်ရဲ့ World Premiere Show မှာေ တွ့ရတဲ့ အဓိက မင်းသားနဲ့ မင်းသမီး

“Now & Ever “ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးရဲ့ World Premiere Show အခမ်းအနားကို အောက်တိုဘာ (၂၁) ရက်နေ့၊ ညနေပိုင်းမှာ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ် သွားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားကို ဒါရိုက်တာ ခရစ္စတီးနားခီက ပုံဖော်ရိုက်ကူးပြီး သရုပ်ဆောင် ဇာဏ်ခီ ပိုင်ဖြိုးသု နှင့်အခြားအနုပညာရှင်များစွာနဲ့ ရိုက်ကူးပုံဖော် ထားတြာ ဖစ်ပါတယ်။

Now & Ever ဇာတ်ကားဟာ ဒါရိုက်တာခရစ္စတီးနားခီရဲ့ (၃) ကားမြောက်ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ World Premiere Showအခမ်းအနားကိုတော့ အဓိကမ င်းသား ဇာဏ်ခီ၊ မင်းသမီး ပိုင်ဖြိုးသု၊ ဒါရိုက်တာခရစ္စတီးနားခီတို့ အစုံအလင် တက်ရောက် လာခဲ့ ကတာပါ

World Premiere Show မှာ ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ဟာ တကယ့်ကိုအတွဲညီစွာနဲ့ လှပလွန်းေ နတာကို တွေ့ရပါတယ်။ ဇဏ်ခီက စမတ်ကျကျနဲ့ ဆွဲဆောင်မှုရှိလွန်းသလို ပိုင်ဖြိုးသုကလည်း အ၀ါရောင်ဂါဝန်လေးနဲ့ ချစ်စရာကောင်းလွန်းနေပါတယ်။

“ထာဝရနှောင်ကြိုး “ရုပ်ရှင်ရဲ့ အဓိမင်းသားနဲ့ မင်းသမီးတို့ရဲ့ ချစ်စရာေ ကာင်းလွန်းတဲ့ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက် ရပါတယ်နော်။

အပြုံးချိုချိုလေးတွေနဲ့ ပိုင်ဖြိုးသုရဲ့ပုံစံလေးကလည်း အရမ်းကို ချစ်စရာေ ကာင်းနေတာ ပရိသတ်တွေ တွေ့ရမှာပါ။

“Now & Ever ” ဇာတ်ကားကို အောက်တိုဘာလ (၃၁) ရက်နေ့မှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒါရိုက်တာခရစ္စနားခီရဲ့လက်ရာဖြစ်တာကြောင့် အလွန်တရာ ကောင်းမွန်ေ နမယ်ဆိုတာ ညွှန်းစရာတောင် လိုမယ်မထင်ပါဘူး။ ဒါကြောင့် ပရိသတ်တွေလည်း “Now & Ever “ဇာတ်ကား ရုံတင်ရင် ကြည့်ဖြစ်အောင်ကြည့်ကြဖို့ မမေ့ကြနဲ့နော်။

Myint Myat,Reference&Credit:momolay.com

Comments are closed.