စစ်ကြောရေးမှာ မေးသမျှကို ဘူးခံ အသက်ပေးသွား ရှာတဲ့ ရန်ကုန် ဗိုလ်တစ်ထောင်က ၁၉နှစ်သားသူရဲ‌ ကောင်း လေး မောင်ဘုန်းမြင့်အောင်

ရန်ကုန်၊ ဗိုလ်တထောင်တွင် အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းမြင့်အောင်ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်

၂၂.၁၁.၂၁ မှာ ၅၄ လမ်းနေ ဦးထင်ဝင်းနဲ့သား ဖြစ်သူ ဘုန်းမြင့်အောင် ၁၉နှစ်ကို စစ်ကား ၃စီး နဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါသည်။
ည၁၂နာရီမှာ အဖေကိုပြန်လွှတ်ပေးပြီး နောက်တနေ့ နေ့လည်မှာတော့ စစ်တပ်က ဖခင်ကို သားဖြစ်တဲ့ ဘုန်းမြင့် အောင်ကွယ်လွန်သွား ကြောင်း လာပြောသွားပါသည်။

နောက်ဆုံးထွက်သက်ထိ မေးသမျှကို ဘူးခံ အသက်ပေးသွားတဲ့ ကိုယ်ကြီးပြင်းခဲ့တဲ့ လမ်းကလေးထဲက သူရဲကောင်းလေးကို အဝေးကနေ ဝမ်းနည်းစိတ်မကောင်းစွာ ဦးညွတ်လိုက်ပါတယ်။

မိဘတွေရဲ့ရင်ကဖြစ်သောသားငယ်လေး၂၂ ရက်နေ့နေခင်း ၂ နာရီကစစ်အုပ်စုအဖွဲ့အစည်းတချို့က လာရော က်ဖမ်းခေါ် သွား ပြီ ၂၃ ရက်နေ့မှာတော့ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ သတင်းဆိုးကြားရလို လူတိုင်းရင်ထဲထိနာကျင်နေကြရတယ် ဒီအသက်ရွယ်ကလေး ကိုမိဘတွေမွေးလာတာကိုယ်ချင်းမစာရက်စက်ကြမ်းတမ်းယုတ်မာစွာသတ်ပစ်လိုက်တာလုပ်ရက်ကြတာလူတွေမှဟုတ်ရဲ့လားတောင်ထင်မိပါရဲ့ဒီသတင်းကိုကြားရသူတိုင်းမျက်ရည်မစဲနိုင်ဘူးဒီလိုအသက်ပေးလိုက်ရတဲ့လူငယ်တွေလူမသိသူမသိပျောက်ဆုံးနေတဲ့လူငယ်တွေရဲ့မိသားစုတွေရဲ့ရင်ထဲအပူမီးမျက်ရည်တွေဘယ်တော့မှမေ့ပျောက်မှမဟုတ်တော့သလိုတန်ပြန်သကရောက်ဖို့ကိုလဲကျိန်စာတိုက်နေကြအုံးမှာပါ။

Advertisement

အရေးတော်ပုံအောင်ရမည်။
ပေးသွားတဲ့အသက် တိုင်း အတွက် လေးစား ဂုဏ်ယူလျက်

Be the first to comment

Leave a Reply

Your email address will not be published.


*