ကြင်ယာတော်ကို ရာထူးကဖယ် ရှားပြီး အဆောင်အယောင်တွေ ရုပ်သိမ်းလိုက်တဲ့ထိုင်းဘုရင်…

ကြင်ယာတော်ကို ရာထူးကဖယ် ရှားပြီး အဆောင်အယောင်တွေ ရုပ်သိမ်းလိုက်တဲ့ထိုင်းဘုရင်…

ကြင်ယာတော်ကို ရာထူးကဖယ်ရှားပြီး အဆောင်အယောင်တွေ ရုပ်သိမ်းလိုက်တဲ့ ထိုင်းဘုရင်

ဒါကြောင့်မို့ … မင်းခစား ကမ်းနားသစ်ပင်လို့ ဆိုကြတာ

အသက်(၆၇)နှစ်အရွယ် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်ဟာ မကြာသေးခင်က ဘိသိက်ခံ ပြီး၊ ကြင်ယာတော်အဖြစ် တင်မြောက်ထားတဲ့ Sineenat Wongvajirapakdi (၃၄)နှစ်ကို တော်ဝင်နန်းတော်ဟာ သစ္စာမခံဘဲ၊ကိုယ်ကျိုးအတွက် အလုပ်လုပ်နေတယ်လို့ ယုံကြည်ပြီး၊ ကြင်ယာတော်ရာထူးကနေ ဖယ်ရှားက ပေးထားတဲ့ အဆောင်အယောင်တွေလည်း ရုတ်သိမ်း ခဲ့ေ ကြာင်း သိရပါတယ်။

ကြင်ယာတော်ဟောင်း Sineenat ဟာ ထိုင်းဘုရင်ရဲ့ တရားဝင်တင်မြောက်ခံခဲ့ရတဲ့ ဒုတိယ ကြင်ယာတော်ဖြစ်ပြီး၊ Sineenat ဟာ တစ်ပါးသူရဲ့မိဖုရားလုပ်ရတာထက်၊ မိမိကိုယ်တိုင်က ဘုရင်မဖြစ်ဖို့ ကြံစည်မှုတွေရှိနေတယ်လို့ ဘုရင်းမင်းမြတ်က အမျက်ထားတော်မူခဲ့တာကြောင့် အခုလို ရာထူးကနေ အဖယ်ရှားခံလိုက်ရတာပါ

။ကြင်ယာတော်ဟောင်း Sineenat ရဲ့ ပေးအပ်ထားတဲ့ ရာထူးနဲ့စည်းစိမ် အဆောင် အယော င်ေ တွကို ရုတ်သိမ်းလိုက်ကြောင်း ထိုင်းတော်ဝင်နန်းတော်က အောက်တိုဘာ (၂၁)ရက်မှာ သတင်းထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

Sineenat ဟာ ဇူလိုင်လက ကြင်ယာတော်အဖြစ် တင်မြှောက်ခံခဲ့ရသူပါ။သူမဟာ ဘုရင်းမင်ြး မတ်အပေါ် သစ္စာမတည်မြဲခဲ့ဘူးလို့ အပေါ်ယံသတင်းထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်ကို ကော က်နှုတ်ရရင် Sineenat ဟာ ကြင်ယာတော်ရာထူးနဲ့ ထိုက်တန်တဲ့ အရည်အသွေးမရှိကြောင်း၊ မိဖုရားကြီးကို အမြဲလိုလို ယှဉ်ပြိုင်နေပြီး၊ အဆင့်အတန်းကို မသိ မောက်မာသူဖြစ်ကြောင်း။

နန်းတွင်းတော်ဝင်စည်းကမ်းတွေကို လေးစားလိုက်နာသူမဟုတ်ဘဲ၊ ထင်ရာစိုင်းနေသလို၊ ဘုရင်မင်းမြတ်နဲ့ မိဖုရားခေါင်ကြီးကို မလေးမစား မရိုမသေလုပ်တဲ့အမူအယာတွေကို တွေ့ရေ ကြာင်း စသဖြင့် ဖော်ပြထားပါတယ်။

နန်းတော်က အခုလိုထုတ်ပြန်မှုကြောင့် Sineenat အနေနဲ့ ယခင်က ခံစားခဲ့ရတဲ့ အဆောင် အယောင်တွေကိုသာမက၊ ထိုင်းမတော်ဘက်မှာ ရယူထားတဲ့ စစ်ဘက်ဆိုင်ရာ ရာထူးတွေ၊ ခံစားခွင့်တွေအပြင်၊

ပုဂ္ဂိုလ်ရေးအရ ချီးမြင့်ထောက်ပံ့ထားတဲ့ ကိုယ်ရံတော်တွေ၊ အစေအပါးတွေကိုလည်း အမိန့်ထုတ်ပြန်ပြီး၊ မိနစ်အနည်းငယ်အတွင်း အကုန်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ထိုင်းပြည်သူတွေကတော့ အံ့သြနေကြပါတယ်။

Source – လင်းဇော်ကို

Comments are closed.