သားဖြစ်သူရဲ့ ဇနီးအသစ်စက်စက်ကို စက္ကန့်(၂၀)ကြာ အငမ်းမရနမ်းခဲ့တဲ့ ဖခင်ရဲ့လုပ်ရပ်

သားဖြစ်သူရဲ့ ဇနီးအသစ်စက်စက်ကို စက္ကန့်(၂၀)ကြာ အငမ်းမရနမ်းခဲ့တဲ့ ဖခင်ရဲ့လုပ်ရပ်

တစ်ခါတလေကျတော့လည်း အသက်ကြီးပြီး အချိန်မစီးတဲ့လူတွေကြောင့် လူမှုပတ်ဝန်းကျင်က ကဲ့ရယ်စရာ ဖြစ်တတ်ပါတယ်။ အခုအဖြစ်အပျက်ကတော့ တရုတ်နိုင်ငံက မင်္ဂလာဆောင်တ စ်ခုမှာ ဖြစ်ခဲ့တာပါ။

ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ သတို့သားရဲ့ ဖခင်ဖြစ်သူက-သူ့ဘော်ဒါတွေနဲ့ ပေါင် (၁၁၀၀၀ အထိ လောင်းကြေးထပ်ထားလို့၊ သားရဲ့ဇနီးအသစ်စက်စက်ကို နမ်းခဲ့ရတာပါလို့ Mirror သတင်းက ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်မှာတော့ ဝေဖန်မှုတွေ ညံခဲ့ပါတယ်။

အဲဒီမင်္ဂလာပွဲလေးဟာ တရုတ်နိုင်ငံ အလယ်ပိုင်း Henan စီရင်စုနယ်မြေမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲ ဖြစ်ပါတယ်။ သတို့သမီးနဲ့ ယောက္ခထီးတို့ရဲ့ အနမ်းခြွေဗွီဒီယိုဖိုင်ဟာ တရုတ်လူမှု ကွန်ယက်မီဒီယာတွေမှာ ထောင်နဲ့ချီ မျှဝေမှုတွေ ရခဲ့ပါတယ်

။ယောက္ခထီးဟာ မင်္ဂလာပွဲကို ရောက်လာတဲ့ ကြေးရတက် ဧည့်သည်တစ်ယောက်နဲ့ ဒေါ်လာ 1400 တန်ကြေးရှိ အလောင်းအစားတစ်ခုကို လုပ်ခဲ့ပါတယ်။

ပထမတော့ သတို့သမီးက ကြောင်အမ်းအမ်းဖြစ်နေခဲ့ပြီး၊ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ရဲ့ အနမ်းတွေဟာ ကိုးရီယားဇာတ်ဝင်ခန်းတွေထဲကလို အပေးအယူ မျှတခဲ့ပါတယ်။

အနမ်းခြွေပြီးတော့ ဧည့်သည်တော်တွေက လက်ခုပ်သြဘာပေးခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ် မှာတော့ ဝေဖန်မှုတွေ အမျိုးမျိုး ရှိခဲ့သလို၊ တစ်ချို့က ဒီလောက်များပြားတဲ့ ငွေပမာဏအတွက် သားအဖနှစ်ယောက် နမ်းရှိုက်တာလောက်သာ သဘောထားခဲ့ပါတယ်။

ဒါပေမယ့် တစ်ချို့ကတော့ မင်္ဂလာဦးမှာ အနမ်းဦးကို သတို့သားရဲ့ဖခင်က ပြုလုပ်ခဲ့တာဟာ လက်သင့်မခံနိုင်စရာကိစ္စလို့ ဆိုခဲ့ပြီး၊ သတို့သားရဲ့စိတ်ကို ကလိကလိဖြစ်အောင် အတို့ အေ ထာ င်လုပ်ခဲ့ကြပါတယ်။

ကာယကံရှင်သတို့သားကတော့ ငွေတွေကိုပဲ ရေတွက်နေမလား၊ သတို့သမီးနဲ့ ဖခင်ကို အူတိုနေမလားဆိုတာတော့ သူပဲ သိနိုင်မှာပါ။

Credit – နတ်သူကြီး

Comments are closed.