Junction City မှာ ရောင်းချနေတဲ့ မုန့်ဟင်းခါးဆိုင် လေး ကို ပထမဆုံးရက်မှာတင် ဝက်ဝက်ကွဲအောင် အား ပေးကြတာမို့ နောက်ရက်တွေလည်း လာရောက်အား ပေး ကြဖို့ ဖိတ်ခေါ်လိုက်တဲ့ ရဲလေးမ

Junction City မှာ ရောင်းချနေတဲ့ မုန့်ဟင်းခါးဆိုင်လေးကို ပထမ တရက်တည်းမှာတင် ဝက်ဝက်ကွဲအောင်အားပေးကြတာမို့ နောက်ရက်တွေလည်း လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်တဲ့ ရဲလေးမ…

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရဲလေးမကတော့ သူ့ရဲ့အနုပညာနာမည် ရဲလေးကနေ ရဲလေးမဆိုပြီး အမည်တွင်သည့်တိုင်အောင် မိန်းမလျာကာရိုက်တာနဲ့ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်သူ တစ်ယောက်ဖြစ်ပေမယ့် လက်ရှိအနုပညာအလုပ်တွေရှားပါးနေချိန်မှာတော့ ရဲလေးမဟာ ဝမ်းရေးအတွက် အလုပ်တွေမျိုးစုံကို လုပ်ကိုင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်..။

ဒီတစ်ခေါက်မှာလည်း ရဲလေးမက ရန်ကုန်မြို့လည်ခေါင်က Juction City ကုန်တိုက်ကြီးမှာ မုန့်ဟင်းခါးလက်မလည်အောင် ရောင်း ခဲ့ရကြောင်းကို ပြောပြလာခဲ့ပါတယ်။ ရဲလေးမက “ ဒီနေ့လည်း စားမယ့်သူတွေကစောင့်နေကြရတယ်။ လက်မလ ည်အောင်ရောင်းခဲ့ရ တယ်။ အန်တီမို့မို့မြင့်အောင်ရဲ့ တူမလေးဝါဆိုမြင့်အောင်လေး လာအားပေးသွားတယ်။ ပစ်တိုင်းထောင်သီချင်းလေးထဲကလေးလေး ခုအပျိုကြီးဖြစ်လို့ချစ်စရာလေး ခုလည်းကျေးဇူးပါ။

လာအားပေးတဲ့ချစ်တဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်နော်။ နောက်နှစ်ရက်ရှိနေပါဦးမယ်နော် ” ဟုဆိုပြီး ဝမ်းသာစွာပြောလာ ပါတယ်။ရဲလေးမကတော့ သမာအာဇီဝကျကျ ဈေးရောင်းစားရင်း စေတနာအကျိုးပေးတာကြောင့် ရန်ကုန်မြို့လည်ခေါင်က ကုန်တိုက်ကြီး မှာတောင် မုန့်ဟင်းခါးလက်မလည်အောင်

Advertisement

ရောင်းချနိုင်ခဲ့တာ ပရိသတ်ကြီးမျက်မြင် ကိုယ်တွေ့ပဲဖြစ်ပါတယ် ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့ လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Ye Lay Ma’s fb

[zawgyi]


Advertisement





Advertisement

Source: Ye Lay Ma’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*