အဝါရောင် ဂါဝန်လှလှလေးနဲ့ ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးလို ပွဲတက်ခဲ့တဲ့ ပိုင်ဖြိုးသု

အဝါရောင် ဂါဝန်လှလှလေးနဲ့ ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးလို ပွဲတက်ခဲ့တဲ့ ပိုင်ဖြိုးသု

အနုပညာကို​စိတ်​ရောကိုယ်​ပါနှစ်​ပြီး အ​ကောင်းဆုံး ပုံ​ဖော်​လေ့ရှိတဲ့ ဒါရိုက်​တာ ဏကြီးနဲ့ သရုပ်​ဆောင်ပိုင်ဖြိုးသုတို့ ဇနီး​မောင်​နှံက​တော့ ထူးခြားတဲ့ အနုပညာစွမ်းရည်​ကြောင့်​အချိန်​တိုအတွင်း ပရိသတ်​တွေရဲ့ လက်​ခံအား​ပေးမှုကို အပြည့်​အဝ ရရှိထားတာပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ပိုင်ဖြိုးသုက သူမကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ “ထာဝရ​နှောင်​ကြိုး” ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့World Premier ပွဲကို တက်ရောက်ခဲ့တဲ့ သူမ ရဲ့ချစ်စရာပုံရိပ်တွေကိုလူမှုကွန်ယက်မှာ ဝေမျှပေးထားတာ​တွေ့ရပါတယ်​။ အဝါရောင်ဂါဝ န်ေ လး နဲ့ အရမ်းကိုတောက်ပနေတဲ့ ပိုင်ဖြိုးသုရဲ့ပုံရိပ်တွေကတော့အရမ်းကို လှရက်လွ န်းနေ တာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ပုံပြင်ထဲက မင်းသမီးလေး တစ်ပါးလို အရမ်းလှရက်လွန်းနေတဲ့ အဝါရောင်နတ်မိမယ်လေး ပိုင်ဖြိုး သုရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်ဖြိုးသုကတော့ “Now and Ever movie World Premier ပွဲတက် 😊😊😊ပွဲထဲ မရောက်ခင်တစ်ယောက်တည်းသီးသန့်ပဲများထားတဲ့ပုံလေးတွေ အရင်တင်မယ်နော် 🥰🥰🥰တရုတ်စကားပန်းလေးပန်ချင်တယ်ဆိုလို့ အပြေးအလွှားသူများခြံထဲ ဝင်ခပ်တည်တည်ြ ကီးနဲ့သွားခူးပေးကြတဲ့ဒေါ်သု makeup ဆရာမ May John နဲ့ @အဖွားကြီးလည်းကျေး ဇူးပါလို့ 😜🤪” ဆိုပြီး အရမ်းကို ချစ်ဖို့ကောင်းတဲ့ သူမရဲ့ပွဲတက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက် မှာ ဝေမျှပေးထားတာပါ။

သရုပ်ဆောင်လည်းကောင်း၊ လူလေးကလည်း ချစ်စရာကောင်းတဲ့ သုသုလေး…။

ပိုင်ဖြိုးသုပါဝင်သရုပ်ဆောင်ထားတဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား ကြီးတွေလည်း ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ ပိုင်ဖြိုးသုကတော့ သူမခင်ပွန်းကိုယ်တိုင် ဒါရိုက်တာလုပ်မယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ ပြောထား ပါသေး တယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ သုသုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Paing Phyoe Thu’s Facebook,Reference& Credit:momolay.com

Comments are closed.