ရွှေပေါမည့် အတိတ်နမိတ်.. ဗောဓိ ညာင်ပင်မှ ထွက်လာသည့် ရွှေရောင် ဆင်တုတော်

ရွှေပေါမည့် အတိတ်နမိတ်.. ဗောဓိ ညာင်ပင်မှ ထွက်လာသည့် ရွှေရောင် ဆင်တုတော်





”စေတီတော်က ရွှေရောင်ပုံသဏ္ဍာန်ဖြစ်လို့ ဖူးသူတိုင်းမှာ ရွှေတွေပေါများမယ်ဆိုပြီး မပျက် လာဖူးနေကြတာ တွေ့ရပါတယ် စေတီတော်ကလည်း တကယ့်စေတီတော်ဖြစ်သလို ရွှေရောင်ေ တွလည်း ဝင်းနေတာပါပဲ” ဟု ညောင်ပင်ကြီးကျေးရွာမှ ဒေါ်ရီရီခိုင်က ပြောသည်။

အဆိုပါစေတီတော်သည် ရွှေရောင်ပုံသဏ္ဍာန် မျက်နှာတော်မှ အထင်းသားတွေ့ရပြီး အနံ(၂) လက်မ၊လုံးပတ်(၃)လက်မခန့်ရှိပြီး ရေကြည်မြို့နယ်အတွင်း ညောင်ပင်မှေ စတီပေါ်ထွက်ခြင်း သည် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရသည်။


ဗောဓိညာင်ပင်မှ ထွက်လာသည့် ရွှေရောင် ဆင်တုတော်ကို ရွှေပေါမည့် အတိတ်နမိတ် ဆိုကာ ဖူးမျှော်သူမဖြတ်ဖြစ်နေ

[Unicode]

အောက်တိုဘာ(၂၂)AlinnMyay(အလင်းမြေ)

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြိုနယ်၊ညောင်ပင်ကြီးကျေးရွာ၊ရန်အောင်ကျောင်းတိုက်အတွင်း ဗောဓိညောင်ပင်ခြေရင်းမှ ထွက်ရှိလာသည့် ရွှေရောင်ပုံသဏ္ဍာန်းဆင်းတုတော်ကို ဒေသတွင် ရွှေများ ပေါများမည့် နမိတ်ဟုဆိုကာ ဖူးမြော်သူများမပျက် ဖြစ်နေကြောင်း သိရသည်။

အဆိုပါဆင်းတုတော်ကို ရန်အောင်ကျောင်းတိုက်သို့ ၂၀၁၉ ခုနှစ် စက်တင်ဘာ(၁၃) ရက်က ဥပုဒ်လာစောင့်သူ ဒေါ်ချိုချိုခိုင်ဆိုသူ အမျိုးသမီးမှ စတင်တွေ့ရှိကြောင်း သိရသည်။

စေတီတော်ကို ကျောင်းတိုင်ဆရာတော် ဦးသီလာစာရနှင့် ဂေါပကအဖွဲ့မှ ပူးပေါင်းကာ ရာဇမက်ကာ၍ အပူဇော်ခံထားရှိပြီး ယင်းဆင်းတုတော်ကို ပုသိမ်မြို့ အပါအဝင် ရေကြည်မြို့ နှင့် ပတ်ဝန်းကျင်မြို့များမှ မပျက် လာရောက်ဖူးမြော်နေကြကြောင်း သိရသည်။

”စေတီတော်က ရွှေရောင်ပုံသဏ္ဍာန်ဖြစ်လို့ ဖူးသူတိုင်းမှာ ရွှေတွေပေါများမယ်ဆိုပြီး မပျက်လာဖူးနေကြတာ တွေ့ရပါတယ် စေတီတော်ကလည်း တကယ့်စေတီတော်ဖြစ်သလို ရွှေရောင်တွေလည်း ဝင်းနေတာပါပဲ” ဟု ညောင်ပင်ကြီးကျေးရွာမှ ဒေါ်ရီရီခိုင်က ပြောသည်။

အဆိုပါစေတီတော်သည် ရွှေရောင်ပုံသဏ္ဍာန် မျက်နှာတော်မှ အထင်းသားတွေ့ရပြီး အနံ(၂)လက်မ၊လုံးပတ်(၃)လက်မခန့်ရှိပြီး ရေကြည်မြို့နယ်အတွင်း ညောင်ပင်မှစေတီပေါ်ထွက်ခြင်းသည် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

သတင်းတာဝန်ခံ – ကျော်ခေတ်လင်း# AlinnMyay(အလင်းမြေ)

Comments are closed.