ဒီအရေးကိုထိရောက်စွာဖော်ထုတ်ပေးပါနောင်လာမြန်မာလုပ်သားများတုန်လှုပ်နေကြပြီ

ဒီအရေးကိုထိရောက်စွာဖော်ထုတ်ပေးပါနောင်လာမြန်မာလုပ်သားများတုန်လှုပ်နေကြပြီ

ဒီအရေးကိုထိရောက်စွာဖော်ထုတ်ပေးပါနောင်လာမြန်မာလုပ်သားများတုန်လှုပ်နေကြပြီ

ထိုင်းနိုင်ငံမြောက်ပိုင်းမှာမြန်မာနိုင်ငံသားမိသားစု3ဦးအသတ်ခံရ

အသတ်ခံရတဲ့ မြန်မာနိုင်ငံသား သုံးဦးဟာ ထိုင်းမြန်မာနယ်စပ် ချင်မိုင်းခရိုင် ချင်းဒေါင် မြို့ နယ် Mae Na( မဲန ) ကျေးရွာအုပ်စုအမှတ် (၄) က သစ်သီးခြံအတွင်း အလုပ်လုပ်ကိုင်နေသူ မိသားစု ဖြစ်ပါတယ်။

အမျိုးသား ဖြစ်သူ နိုင်ကျန်သ Chantha အသက် (၄၀)နဲ့  ဇနီး နန်းအွန် အသက် ၅၅ ရဲ့  သမီး နန်းခန် Kham အသက် ၂၈ တို့ ဟာ သူတို့ နေထိုင်နေတဲ့ စိုက်ပျိုးရေးခြံ အနီးက နေအိမ်မှာ သေဆုံးနေမကြတာဟာ တရက်ကျော် ရှိနေပြီလို့  သိရပါတယ်။

ခြံပိုင်၇ှင်က သေဆုံးသူ မိသားစု အလုပ်မဆင်းလို့  သူတို့ နေထိုင်ရာနေရာကို လာကြည့် တဲ့အခါမှာ တံခါးပိတ်ထားတဲ့ နေအိမ်အတွင်း သေဆုံးနေတာတွေ့ ရပြီး သုံးဦးစလုံးရဲ့ကိုယ်မှာ ရိုက်နှက် ထားတဲ့ ဒဏ်ရာတွေနဲ့  သေဆုံးနေကြတာဖြစ်ပါတယ်။

ချင်းဒေါင် ရဲမှူး နိုင် ၀ိနိချိုင် ပြောသွားတာကတော့ မိသားစုဝင် သုံးဦးသေ ဆုံးမှုနဲ့  ပါတ်သက်ပြီး သတ်သွားသူ တရားခံတွေဟာ သေဆုံးသူတွေရဲ့  ပိုင်ဆိုင်မှုတွေပါ လုယက်သွားကြတာဖြစ်ပြီး လူသတ်သမားတွေဟာ အုပ်စုလိုက် ကျူးလွန် (နှစ်ဦးထက်ပို) ခဲ့ကြတာဖြစ်တယ်လို့  ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

တရားခံတွေကို ဖမ်းမိနိုင်ဘို့  ဆက်လက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး တရားခံတွေမည်သူမည်ဝါ ဖြစ်တယ် ဘာကြောင့် အသတ်ခံရတယ် ဆိုတာကို မကြာခင်ထုတ်ပြန်သွားမှာဖြစ်ကြောင်း ချင်းဒေါင်မြို့ နယ် ရဲတပ်ဖွဲ့ မျူးကပြောပါတယ်။

အသတ်ခံရတဲ့ မြန်မာနိုင်ငံသား မိသားစုဟာ ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေကြတာ နှစ် နစ်ခန့် ရှိပြီဖြစ်ပါတယ်။။

Comments are closed.