မြန်မာနိုင်ငံအတွက် ရွှေရောင်အိမ် မက်တွေကို ပြန်သယ်ဆောင်လာေ ပးတဲ့ ကြက်တောင်မယ် သက်ထား သူဇာ

မြန်မာနိုင်ငံအတွက် ရွှေရောင်အိမ် မက်တွေကို ပြန်သယ်ဆောင်လာေ ပးတဲ့ ကြက်တောင်မယ် သက်ထား သူဇာ

အရမ်းချစ်ဖို့ကောင်းပြီး မြန်မာနိုင်ငံအတွက် အမြဲလိုလို ရွှေရောင်ဆုတံဆိပ်တွေ သယ်ဆောင် လာေ ပးတဲ့ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာက ယခုအခါမှာလည်း Egypt International Series 2019 ပြိုင်ပွဲမှာ Wales ကJordan Hart ကို ပထမပိုင်းပွဲမှာ ၂၁-၆ နဲ့ အပြတ်အသတ်နိုင်ခဲ့ပြီး ဒုတိယပွဲမှာ တဖက်ကစားသမားက ၁၂-၁ နဲ့အရှူံးပေးသွားခဲ့ လို့ချန်ပီယံ ဆုကိုထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့ပါတယ်။

အနိုင်ရရှိပြီးနောက် အောက်တိုဘာ(၂၂)ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ ရန်ကုန်လေဆိပ်ကြို ပန်လည်ရောက်ရှိခဲ့ပြီး မီဒီယာများနဲ့ ပရိတ်သတ်တချို့က လေဆိပ်မှာ လာရောက်ကြိုဆို ခဲ့ပါ တယ်။

သက်ထားသူဇာ ကိုယ်တိုင်ကလည်း အရင်နှစ်ကတည်းက အခက်အခဲ အများကြီးမရှိကြောင်း နဲ့ Egypt ကွင်းနဲ့ ပါတ်သတ်ပြီး အတွေ့အကြုံရှိကြောင်း ပြော ပခဲ့ပါတယ်။ Egypt က သူရဲ့ေ အာင်မြေလိုဖြစ်နေတာကြောင့် နောင်နှစ်ပွဲတွေမှာလည်း အကောင်းဆုံးကြိုးစားသွား မယ်လို့ လည်း ပြောခဲ့ပါတယ်။

Final ပွဲကို ကိုယ်တိုင်ကိုယ်ကျလာရောက်အားပေးတဲ့ မြန်မာနိုင်ငံသူ/သားများ၊ အီဂျစ် အာရပ်သမ္မတနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး 🇲🇲 ဦးမြင့်လွင် နှင့် ဇနီး ဒေါ်ခင်သီဝင်း၊ Online မှတစ်ဆင့်ပွဲအဖြေကိုစောင့်ကြည့်အားပေးကြတဲ့သူတွေအားလုံး ကိုကျေးဇူးအများ ကြီးတင်ကြောင်း Thet Htar Thu Zar Page ကနေတစ်ဆင့် ပြောပြခဲ့ပါတယ်။

မိုမိုလေးပရိတ်သတ်တွေကရော ချစ်ဖို့ကောင်းတဲ့ သက်ထားသူဇာ ကို အားပေးလိုက် ကြ ပါအုံးနော်။ ။

Ref:Thet Htar Thu Zar
LeoThT , Reference& Credit:momolay.com

Comments are closed.