မုန်တိုင်းဖြစ်ပေါ်နိုင်မယ့်အခြေအနေ အားလျော့သွားပြီလို့ မိုးဇလဆို

မုန်တိုင်းဖြစ်ပေါ်နိုင်မယ့်အခြေအနေ အားလျော့သွားပြီလို့ မိုးဇလဆို

ဒီကနေ့ မနက်က မုန်တိုင်းဖြစ်ပေါ်နိုင်ခြေရှိကြောင်း မိုးဇလက သတိပေးထုတ်ပြန်ခဲ့ပေမဲ့ ညနေ ၃ နာရီမှာတော့ မုန်တိုင်းဖြစ်ပေါ်နိုင်မှုမရှိတော့ကြောင်း မိုးဇလက ပြန်လည်သ တင်း ထုတ်ပြန်ခဲ့ပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်ရှိနေပေမယ့် ပုံမှန်ထက်အားလျော့သွားပြီ ဖြစ် ပါတယ်။ မနက်ပိုင်းက အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ နောက်(၃၆)နာရီအတွင်း ပိုမို အားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့တာပါ။

 “ လောလောဆယ်တော့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အ နောက်အလ ယ်ပိုင်းနဲ့ အိန္ဒိယနိုင်ငံအင်ဒရာပရာဒေ့ရှ်ကမ်းခြေမှာ ဆက်လက်တည်ရှိနေတယ်။ အခုအနေအထားအရဆိုရင် လေဖိအားနည်းရပ်ဝန်းက သိပ်အားမကောင်းတော့ဘူး။ ဒီနေ့ည ဒါမှမဟုတ် မနက်ဖြန်လောက်ဆိုရင်ကုန်းတွင်းပိုင်းဝင်ပြီး အားပျက်ပယ်သွားနိုင်တယ်။ သူနဲ့အတူတူပါလာတဲ့ တိမ်တိုက်တွေကြောင့်တော့ (၂၅၊၂၆၊၂၇) အဲဒီ(၃)ရက်မှာတော့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတော့ မိုးရွာနိုင်တယ်” မိုးလေဝသနှင့်ဇ လဗေဒညွှ န်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwunကိုပြောပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ အားလျော့သွားပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်န ယ်နှင့်၊ ချင်းပြည်နယ်တို့မှာတော့ မိုးရွာသွန်းနိုင်တယ်လို့သိရပါတယ်။ မုန်တိုင်းငယ်သ တင်းနဲ့ပတ်သက်လို့ လက်တလောမှာတော့ လေဖိအားနည်းရပ်ဝန်းဟာ အားလျော့သွားပြီ ဖြစ်လို့ မုန်တိုင်းငယ်အဖြစ်မရောက်ရှိနိုင်တော့ဘူးလို့သိရပါတယ်။

Comments are closed.