ငယ်ငယ်ကစာသင်ပေးခဲ့တဲ့ ဆရာမေ တွ နဲ့တွေ့ခိုက် ကျောင်းသားလေး တစ်ဦး လိုပြန်ဖြစ်သွားတဲ့ စိုင်းစိုင်း ခမ်း လှိုင်

ငယ်ငယ်ကစာသင်ပေးခဲ့တဲ့ ဆရာမေ တွ နဲ့တွေ့ခိုက် ကျောင်းသားလေး တစ်ဦး လိုပြန်ဖြစ်သွားတဲ့ စိုင်းစိုင်း ခမ်း လှိုင်

မန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အဆိုရော၊ သရုပ်ေ ဆာင်ပါ ထူးချွန်သူ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က နှစ်ပေါင်း (၂၀) ကျော်ကြာ အောင်မြင်ခဲ့ပြီး အခုချိန်ထိတိုင် အောင်မြင်မှုအရှိန်အဝါ လုံးဝကျဆင်းမသွားပဲ အားပေးသူပရိသတ် အခိုင်အ မာနဲ့ ရပ်တည်နေလျက်ရှိပါတယ်။ စိုင်းစိုင်းက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းေ တွ ကို လုပ်ကိုင်ရင်း တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အေးချမ်းစွာ နေထိုင်နေတာ ဖြစ်ပါ တယ်။

စိုင်းစိုင်းခမ်းလှိုင်က ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ YUFL တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာေ မဂျာမှ ဆရာကန်တော့ပွဲအခမ်းအနားကို တက်ရောက် ဂါရဝပြု ဆင်နွှဲခဲ့တာပဲ ဖြစ်ပါတယ်။

ထိုဆရာကန်တော့ပွဲမှ စိုင်းစိုင်းခမ်းလှိုင်က သူလေးစားချစ်ခင်ရတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပြန်လည် ဆုံတွေ့ခွင့်ရလို့ ကျောင်းသားလေးတစ်ဦးလို ပြန်ဖြစ်ပြီး ပျော်ရွှင်နေတာကို တွေ့ ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က ဆရာကန်တော့ပွဲကို တက်ရောက်ရင်း ဂျူနီယာလေးတွေနဲ့ ရင်ရင်းနှီးနှီး ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စိုင်းစိုင်းခမ်းလှိုင်က ဈေးရောင်းပွဲမှာလည်း သူကိုယ်တိုင် ဈေးရောင်းခဲ့ပါသေးတယ်။

ငယ်ငယ်က စာသင်ပေးခဲ့တဲ့ ဆရာမကြီးနဲ့အတူတူ

ဂျူနီယာလေးတွေနဲ့အတူတူ

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူချစ်တဲ့ ပရိသတ်တွေနဲ့ ဆုံတွေ့ခွင့်ရခဲ့လို့ တော်တော်လေး ပျော်ရွှင်နေပုံပါပဲ။ မိုမိုလေးပရိသတ်ကြီးလည်း မောင်ကျောင်းသားလေး စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Sai Sai Kham Leng’s fb
Photo: RBV,Reference&Credit:momolay.com

Comments are closed.