မိုးအောင်ရင်နဲ့အတူ အခြားအနုပညာ ရှင်တွေတက်ရောက်ခဲ့တဲ့ ‘သုံးေ ယာက်ပေါင်း လောင်းကျော်’ ရုပ်ရှင် Red Carpet ပွဲအခမ်းအနား

မိုးအောင်ရင်နဲ့အတူ အခြားအနုပညာ ရှင်တွေတက်ရောက်ခဲ့တဲ့ ‘သုံးေ ယာက်ပေါင်း လောင်းကျော်’ ရုပ်ရှင် Red Carpet ပွဲအခမ်းအနား

၂၀၁၉ အောက်တိုဘာ (၂၄) ရက်မှာ ရုံတင်ပြသမယ့် ‘သုံးယောက်ပေါင်း လောင်းကျော်’ ရုပ်ရှင် ဇာတ်ကားကြီးရဲ့ Red Carpet ပွဲအခမ်းအနားကို အောက်တိုဘာ (၂၂) ရက်နေ့ ညနေ ၆ နာရီက သမ္မတ ရုပ်ရှင်ရုံမှာပြုလုပ်ခဲ့ပါတယ်။

ဒါရိုက်တာ ခင်စေမျိုးရိုက်ကူးထားတဲ့’သုံးယောက်ပေါင်း လောင်းကျော်’ ရုပ်ရှင်ဇာတ်ကား ကြီးရဲ့ Red Carpet ပွဲအခမ်းအနားကို ပါဝင်တဲ့ အနုပညာရှင် တချို့တက်ရောက်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ရဲအောင်၊ ရန်ကျော်၊ ဖြိုးငွေစိုး၊ မိုးအောင်ရင်၊ မို့မို့မြင့်အောင်၊ မေခ လာ၊ မေသန်းနု၊ ခိုင်သင်းကြည်၊ စံရတီမိုးမြင့် နဲ့ အခြားဟာသအနုပညာရှင် များလဲပါ ဝင်ပါ တယ်။

ဇာတ်ကားကတော့ ဟာသဇာတ်ကား အမျိုးအစားသာဖြစ်ပြီး ပရိတ်သတ်တွေရဲ့ ဘဝအေ မာေ တွပြေပျောက်စေဖို့ အကောင်းဆုံး ပုံဖော်တင်ဆက်ထားတဲ့အကြောင်းကိုလဲ တက်ရောက် လာ တဲ့အနုပညာရှင်တွေက Red Carpet အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ ‘သုံးယောက်ပေါင်း လောင်းကျော်’ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပါတ်သတ်လို့ မိုးအောင်ရင် ကလည်း ‘ကျွန်တော် သုံးနှစ်နီးပါး ခရီးမထွက်ခင်ကရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ခရီးကပြန် လာတဲ့အချိန်မှာ ပထမဆုံးရုံတင်တဲ့ ရုပ်ရှင်ဖြစ်လို့ အမှတ်တရတွေ အများကြီးရှိတယ်’ ဆိုပြီး Red Carpet ပွဲမှာ နောက်ပြောင် ပြောဆိုခဲ့ပါတယ်။ မိုမိုလေးပရိတ်သတ်တို့လည်း ‘သုံးယော က်ပေါင်း လောင်းကျော်’ ဇာတ်ကားကြီးကို မနက်ဖြန် အောက်တိုဘာ (၂၄)မှာ သွားအားေ ပး လိုက်ကြပါဦးနော်။

Ref:သုံးယောက်ပေါင်း လောင်းကျော်
LeoThT,Reference&Credit:momolay.com

Comments are closed.