ပန်းရောင်ခြယ် ပထမဆုံးပါဝင် သရု ပ်ဆောင်ထားတဲ့ လိပ်ပြာ ရုပ်သံ ဇာတ်လမ်းတွဲ

ပန်းရောင်ခြယ် ပထမဆုံးပါဝင် သရု ပ်ဆောင်ထားတဲ့ လိပ်ပြာ ရုပ်သံ ဇာတ်လမ်းတွဲ

ဂရေဟမ်ရဲ့ သမီးဦးဖြစ်သလို သီချင်းဆိုကောင်းပြီး ချစ်စရာကောင်းတဲ့ ရုပ်ရည်ကြောင့် ပရိသတ်အားပေးမှုအပြည့်ရရှိထားတဲ့ ပန်းရောင်ခြယ်က ‘လိပ်ပြာ’ ရုပ်သံဇတ်လမ်းတွဲမှာလည်း အဓိကမင်းသမီး နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက သူရဲ့ ပထမဆုံး သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲလဲဖြစ်ပါတယ်။

လိပ်ပြာ ရုပ်သံဇာတ်လမ်းတွဲကို အောက်တိုဘာ (၂၄) ရက် ကြာသပတေးနေ့ ည ၈ နာရီ အချိန်CANAL + မှာ စတင်ပြသခဲ့တာလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပန်းရောင်ခြယ် ကတော့ ငယ်ရွယ်ထက်မြက်တဲ့ ရဲမေ လေးလိပ်ပြာအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်သံဇာတ်လမ်းတွဲမှာ ခါရာ၊ ပန်းရောင်ခြယ်၊ ဂျူးဂျူးကေ၊ မင်းဦး တို့အပါအဝင် အခြားသရုပ်ေ ဆာင်တွေလဲ ပါဝင်ထားပါတယ်။

ပန်းရောင်ခြယ်ဟာ လက်ရှိ သီချင်း MTV တွေမှာ ပါဝင်သရုပ်ဆောင်နေပြီး Samsung ဖုန်း Brand ရဲ့ကိုယ်စားလှယ် အဖြစ်လည်းဆောင်ရွက်နေပါတယ်။ Samsung Galaxy A80 အတွက် G Fatt နဲ့အတူတူ ဖန်တီးသီဆိုထားတဲ့ ‘ကြိုး’ သီချင်းဟာလည်း ပရိတ်သတ်အားေ ပးမှု အများကြီးရရှိခဲ့ပါတယ်။ မိုမိုလေး ပရိသတ်ကြီးထဲမှာရော ဖေဖေဂရေ ဟမ်ရဲ့ သမီးဖြစ်တဲ့ ပန်းရောင်ခြယ်ကို ချစ်ကြလားဗျ………..

Ref:Pan Yaung Chel
LeoThT ,Reference&Credit:momolay.com

Comments are closed.