ရောင်စုံခြယ်တဲ့ နတ်မိမယ်လေးလို အလှဆုံး ပွဲတက်ခဲ့တဲ့ ပိုင်ဖြိုးသု

ရောင်စုံခြယ်တဲ့ နတ်မိမယ်လေးလို အလှဆုံး ပွဲတက်ခဲ့တဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေက သုသုလေးလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့အသွင်အပြင်ကြောင့်ရော၊ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့ သူမရဲ့အနုပညာကြောင့်ပါ အားပေးကြတဲ့ ပရိသတ်တွေ တစ်နေ့တစ်ခြား ပိုပိုများလာတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်ဖြိုးသုလေးက OPPO Reno2 Series Lauch 😊လေးကို ရောင်စုံခြယ်တဲ့ နတ်မိမယ်လေးလို အလှဆုံးတက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီတဲ့ သုသုလေးကတော့ အဆိုပါပွဲမှာလည်း အကုန်လုံးရဲ့ကြားမှာ တောက်ပထင်ရှားနေတာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းတဲ့ မင်းသ မီးချောလေး ပိုင်ဖြိုးသုရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါ တယ်ေ နာ်။

ပိုင်ဖြိုးသုကတော့ “OPPO Reno2 Series Lauch 😊” ဆိုပြီး အလှဆုံးပွဲတက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ အများကအားကျရလောက်တဲ့ အချ စ်ေ ရးကိုလည်း ပိုင်ဆိုင်ထားတဲ့ ပိုင်ဖြိုးသုကတော့ ချစ်ရသူနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး တစ်ခုကို တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။

လှရက်လိုက်တာ သုသုလေးရယ်…။

ပျော်ပျော်နေတတ်တဲ့ သုသုလေးကတော့ အမြဲလိုလို ပြုံးပျော်နေတာ ပဲနော်…။

ပိုင်ဖြိုးသုကတော့ လတ်တလောမှာ ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး၊ တစ်ခြားသော အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်ဖြစ်နေတာပါ။ သုသုလေးပါဝင်သရုပ်ဆောင် ထားတဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကလည်း လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ ရုံတင်တော့မှာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဘယ်လိုနေနေ ချစ်ဖို့ကောင်းတဲ့ သုသုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Paing Phyoe Thu ‘s Facebook
Photo;Ria Bo Vich,Reference&Credit:momolay.com

Comments are closed.