ၾကည့္ရွုသူ ၃ သိန္းေက်ာ္သြားခဲ့တဲ့ ကိုရီးယားေရာက္ ကရင္တုိင္းရင္းသူေလးရဲ႕ သီခ်င္း လူၾကိဳက္မ်ားေန

ၾကည့္ရွုသူ ၃ သိန္းေက်ာ္သြားခဲ့တဲ့ ကိုရီးယားေရာက္ ကရင္တုိင္းရင္းသူေလးရဲ႕ သီခ်င္း လူၾကိဳက္မ်ားေန

ကိုရီးယားကိုေရာက္ရွိေနတဲ့ ကရင္တုိင္းရင္းသူေလးရဲ႕ သီခ်င္းကေတာ့ (၅) ရက္အတြင္းမွာ ၾကည့္ရွုသူ ဦးေရ (၃) သိန္းေက်ာ္သြားခဲ့ျပီးေတာ့ လူၾကိဳက္မ်ားေနခဲ့တာျဖစ္ပါတယ္။ ေအးခ်မ္းျပီး အနားယူ ခိုနားလို႔ရတဲ့ အိမ္ေလးတစ္လံုးကို လိုခ်င္တဲ့အေၾကာင္း ေရးဖြဲ႕သီဆုိထားတဲ့ ဒီသီခ်င္းေလးဟာ ပရိသတ္ေတြရဲ႕အၾကိဳက္နဲ႔ထပ္တူက်ေနခဲ့တာျဖစ္ပါတယ္။ ေနစရာ အိမ္ ဟာ လူသားတိုင္းရဲ႕ မရွိမျဖစ္လိုအပ္ခ်က္တစ္ခုျဖစ္ျပီးေတာ့ သူ လိုခ်င္တဲ့ အိမ္ ပံုစံေလးအေၾကာင္းကို ေရးဖြဲ႕သီကံုးထားတာျဖစ္ပါတယ္။

ဒီသီခ်င္းေလးကို ေတးေရး Saw Sar Ae Saree က ေရးစပ္ထားခဲ့တာျဖစ္ျပီးေတာ့ ဂရုဏာသံနဲ႔ ျပည့္ေနတဲ့ သူမရဲ႕အသံေလးေၾကာင့္ ပရိသတ္ေတြရဲ႕ ရင္ထဲကို အတုိင္းမသိ ဝင္ေရာက္ေနရာယူလာခဲ့တာျဖစ္ပါတယ္။ မရွိမျဖစ္လိုအပ္တဲ့ အိမ္တစ္လံုးအေၾကာင္းနဲ႔ စိတ္ပင္ပန္းစရာေတြ ၾကံဳလာရတဲ့အခါ နားခိုဖုိ႔အတြက္ လိုအပ္တဲ့အေၾကာင္းေလးကို ဒီသီခ်င္းေလးကအျပည့္အဝ ပံုေဖာ္ထားျပန္ပါတယ္။

ကရင္တုိင္းရင္းသူေလးဟာ ဒီသီခ်င္းေလးကို ကိုရီးယားမွာရိုက္ကူးခဲ့တာျဖစ္ျပီးေတာ့ ကိုရီးယားႏုိင္ငံရဲ႕ ေနထိုင္မွုပံုစံ၊ အလွအပေတြကို လည္း ထည့္သြင္းေဖာ္ျပျပီးရိုက္ကူးထားတဲ့ အိမ္ေလးတစ္လံုးလိုခ်င္တယ္ ဆိုတဲ့သီခ်င္းေလးကို ခံစားနားဆင္ၾကည့္ေပးပါဦးေနာ္။ သူမရဲ႕ နာမည္ေလးကေတာ့ Naw Martha Htoowah ျဖစ္ပါတယ္။

[UNICODE FONT]

ကိုရီးယားကိုရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသူလေးရဲ့ သီချင်းကတော့ (၅) ရက်အတွင်းမှာ ကြည့်ရှုသူ ဦးရေ (၃) သိန်းကျော်သွားခဲ့ပြီးတော့ လူကြိုက်များနေခဲ့တာဖြစ်ပါတယ်။ အေးချမ်းပြီး အနားယူ ခိုနားလို့ရတဲ့ အိမ်လေးတစ်လုံးကို လိုချင်တဲ့အကြောင်း ရေးဖွဲ့သီဆိုထားတဲ့ ဒီသီချင်းလေးဟာ ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျနေခဲ့တာဖြစ်ပါတယ်။ နေစရာ အိမ် ဟာ လူသားတိုင်းရဲ့ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပြီးတော့ သူ လိုချင်တဲ့ အိမ် ပုံစံလေးအကြောင်းကို ရေးဖွဲ့သီကုံးထားတာဖြစ်ပါတယ်။

ဒီသီချင်းလေးကို တေးရေး Saw Sar Ae Saree က ရေးစပ်ထားခဲ့တာဖြစ်ပြီးတော့ ဂရုဏာသံနဲ့ ပြည့်နေတဲ့ သူမရဲ့အသံလေးကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အတိုင်းမသိ ဝင်ရောက်နေရာယူလာခဲ့တာဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အိမ်တစ်လုံးအကြောင်းနဲ့ စိတ်ပင်ပန်းစရာတွေ ကြုံလာရတဲ့အခါ နားခိုဖို့အတွက် လိုအပ်တဲ့အကြောင်းလေးကို ဒီသီချင်းလေးကအပြည့်အဝ ပုံဖော်ထားပြန်ပါတယ်။

ကရင်တိုင်းရင်းသူလေးဟာ ဒီသီချင်းလေးကို ကိုရီးယားမှာရိုက်ကူးခဲ့တာဖြစ်ပြီးတော့ ကိုရီးယားနိုင်ငံရဲ့ နေထိုင်မှုပုံစံ၊ အလှအပတွေကို လည်း ထည့်သွင်းဖော်ပြပြီးရိုက်ကူးထားတဲ့ အိမ်လေးတစ်လုံးလိုချင်တယ် ဆိုတဲ့သီချင်းလေးကို ခံစားနားဆင်ကြည့်ပေးပါဦးနော်။ သူမရဲ့ နာမည်လေးကတော့ Naw Martha Htoowah ဖြစ်ပါတယ်။

Comments are closed.