ပန်းစည်းကြီးနဲ့ လာချော့တဲ့ ချစ်သူေ ကြာင့် စိတ်ကောက်ပြေခဲ့ရတဲ့ ဝါဆို မိုးဦး

ပန်းစည်းကြီးနဲ့ လာချော့တဲ့ ချစ်သူေ ကြာင့် စိတ်ကောက်ပြေခဲ့ရတဲ့ ဝါဆို မိုးဦး

သူမကိုယ်​သူမ အမြဲယုံကြည်​မှုရှိ​နေတတ်​တဲ့ ချစ်​စရာမင်းသမီး​လေး ဝါဆိုမိုးဦးက​တော့ ဘိုဆန်​ဆန်​မျက်နှာကျလေးနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထား သူတစ်​ဦးပါ။ တလောကတော့ ဝါဆိုမိုးဦးက​ သူမရဲ့ Relationship ပြီးဆုံးသွားပြီလို့ တင်လိုက်တာေ ကြာင့် ပရိသတ်တွေက သူနဲ့ ဖြိုးလေးတို့ရဲ့အချစ်ရေးကို စိတ်ပူနေကြတာပါ။ လတ်တလော မှာတော့ ဝါဆိုမိုးဦးက ပန်းစည်းကြီးနဲ့ လာချော့တဲ့ ချစ်သူကြောင့် စိတ်ကောက်ပြေခဲ့ရတဲ့ အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့ချစ်သူနှစ်ဦးရဲ့အကြောင်းကတော့ တကယ့်ကို ကြည်နူးစရာပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ခိုင်မာလွန်းတဲ့ Relationship တစ်ခုမှာ ချော့တတ်တဲ့ ကောင်လေးရှိတယ်ဆိုတာ ပြသခဲ့တဲ့ ဝါဆို မိုးဉီးတို့စုံတွဲရဲ့အကြောင်းကို ဝေမျှပေးလိုက်ပါတယ်နော်။

အဆိုပါဗီဒီယိုလေးထဲမှာတော့ အရမ်းစိတ်ကောက်နေတဲ့ ဝါဆိုမိုးဦးကို ဖြိုးလေးက ပန်းစည်း အတင်းပေးကာ “ငါ့အသည်းလေးကို ချော့ရမှာပေါ့” ဆိုပြီး ပါးလေးကိုဆွဲကာ ချော့နေတာပဲ ဖြစ်ပါတယ်။ အချော့တော်တဲ့ ဖြိုးလေးကြောင့် ဝါဆိုတစ်ယောက် ဆက်ပြီး စိတ်မကောက်နို င်တော့ပဲ အရည်ပျော်ခဲ့ရတာပါနော်။

ဝါဆိုလေး ဘယ်လိုတောင် ပျော်နေလဲမေး…။

ဝါဆိုမိုးဦးကတော့ ချစ်သူဖြိုးလေးနဲ့အတူ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်စရာအချစ် ခရီး လမ်း ကို အတူဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အနုပညာသမားချင်းအတူတူမို့ တစ်ယောက် ကိုတစ်ယောက် အကောင်းဆုံး ကူညီဖေးမရင်း ဘဝကို ရှေ့ဆက်နေကြတာဆိုရင်လည်း မမှား ပါဘူး။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုလိုက်ဖက်ညီတဲ့ ဝါဆိုမိုးဦးတို့စုံတွဲေ လးကို ချစ် ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Warso Moe Oo’s Facebook,Reference&Credit:momolay.com

Comments are closed.