(၁၀)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အလှူအနေနဲ့ ရွှေအစစ်ချထားတဲ့ ရုပ်ပွားတော်ကို လှူဒါန်းဖို့ စီစဉ်နေခဲ့တဲ့ ငွေတီဦး

ပရိသတ်ကြီးရေ ငွေတီဦးကတော့ ခင်ပွန်ဖြစ်သူကွယ်လွန်သွားပြီးနောက်ပိုင်း သူရဲ့ စိတ်တွေပြေစေဖို့ တရားဘာဝနာအားထုတ်ကာ ဘဝကိုအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေခဲ့ပါတယ်။ ဒီနေ့မှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရွှေအစစ်ချထားတဲ့ ရုပ်ပွားတော်တစ်ဆူကို လှူဒါန်းပေးသွားမယ့် အစီစဉ်လေးရှိကြောင်း ဖော်ပြလာခဲ့ပါတယ်။

ရုပ်ပွားတော်ကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်ဝန်းကျင်လောက်က သာဓုကန်နားမှာ သူတို့နဲ့ အမျိုးလို ရင်းနှီးတဲ့မိတ်ဆွေတွေက နဂါးရုံဘုရားတည်တော့ သူတို့တို့ဇနီးမောင်နှံလည်း ဘုရားတည်တဲ့နေရာမှာ ပါဝင်လှူဒါန်းကုသိုလ်ယူခဲ့ကြပြီး ဘုရားတည်ပြီးတော့ အနေကစာတင်တဲ့နေ့မှာ နဂါးရုံဘုရားနဲ့အတူတကွ ရုပ်ပွားတော်တွေကို အနေကစာတင်ပြီး မဲဖောက်လှူဒါန်းခဲ့ရာကနေ ခင်ပွန်းဖြစ်သူမဲပေါက်လို့ ကိုးကွယ်ခွင့်ရရှိခဲ့တဲ့ ဘုရားလေးပါတဲ့။ ထိုက်တန်လို့ မွန်မွန်မြတ်မြတ်ရရှိခဲ့တဲ့ ဘုရားဖြစ်တာကြောင့် တန်ဖိုးထားပြီး ကိုးကွယ်ခဲ့တဲ့ ဘုရားလည်းဖြစ်ပါတယ်တဲ့။

မဲပေါက်တဲ့သူကတော့ လာမယ့် ဇန်နဝါရီလ (၃၁)ရက်နေ့ သူတို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်း(၁၀)နှစ်ပြည့်တဲ့နေ့လေး သံဃာကိုးပါးနဲ့ နေအိမ်မှာ အနေကစာတင်ပြီးမှ လှူဒါန်းပေးသွားမှာပါတဲ့။CeleZone ပရိသတ်ကြီးရေ ငွေတီဦးကတော့ ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူ ဒီအလှူလေးရဲ့ အဖို့ဘာဂကို ခင်ပွန်းဖြစ်သူကောင်းရာဘုံဘဝကနေ ရရှိစေဖို့ ဆန္ဒပြုထားပါသေးတယ်။

Source – Ngwe Ou
Chilli – CeleZone

Advertisement

[zawgyi]

ပရိသတ္ႀကီးေရ ေငြတီဦးကေတာ့ ခင္ပြန္ျဖစ္သူကြယ္လြန္သြားၿပီးေနာက္ပိုင္း သူရဲ႕ စိတ္ေတြေျပေစဖို႔ တရားဘာဝနာအားထုတ္ကာ ဘဝကိုေအးေအးခ်မ္းခ်မ္းနဲ႔ ျဖတ္သန္းေနခဲ့ပါတယ္။ ဒီေန႔မွာေတာ့ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေ႐ႊအစစ္ခ်ထားတဲ့ ႐ုပ္ပြားေတာ္တစ္ဆူကို လႉဒါန္းေပးသြားမယ့္ အစီစဥ္ေလးရွိေၾကာင္း ေဖာ္ျပလာခဲ့ပါတယ္။

႐ုပ္ပြားေတာ္ကေတာ့ လြန္ခဲ့တဲ့ ေျခာက္ႏွစ္ဝန္းက်င္ေလာက္က သာဓုကန္နားမွာ သူတို႔နဲ႔ အမ်ိဳးလို ရင္းႏွီးတဲ့မိတ္ေဆြေတြက နဂါး႐ုံဘုရားတည္ေတာ့ သူတို႔တို႔ဇနီးေမာင္ႏွံလည္း ဘုရားတည္တဲ့ေနရာမွာ ပါဝင္လႉဒါန္းကုသိုလ္ယူခဲ့ၾကၿပီး ဘုရားတည္ၿပီးေတာ့ အေနကစာတင္တဲ့ေန႔မွာ နဂါး႐ုံဘုရားနဲ႔အတူတကြ ႐ုပ္ပြားေတာ္ေတြကို အေနကစာတင္ၿပီး မဲေဖာက္လႉဒါန္းခဲ့ရာကေန ခင္ပြန္းျဖစ္သူမဲေပါက္လို႔ ကိုးကြယ္ခြင့္ရရွိခဲ့တဲ့ ဘုရားေလးပါတဲ့။ ထိုက္တန္လို႔ မြန္မြန္ျမတ္ျမတ္ရရွိခဲ့တဲ့ ဘုရားျဖစ္တာေၾကာင့္ တန္ဖိုးထားၿပီး ကိုးကြယ္ခဲ့တဲ့ ဘုရားလည္းျဖစ္ပါတယ္တဲ့။

မဲေပါက္တဲ့သူကေတာ့ လာမယ့္ ဇန္နဝါရီလ (၃၁)ရက္ေန႔ သူတို႔ ဇနီးေမာင္ႏွံ မဂၤလာသက္တမ္း(၁၀)ႏွစ္ျပည့္တဲ့ေန႔ေလး သံဃာကိုးပါးနဲ႔ ေနအိမ္မွာ အေနကစာတင္ၿပီးမွ လႉဒါန္းေပးသြားမွာပါတဲ့။CeleZone ပရိသတ္ႀကီးေရ ေငြတီဦးကေတာ့ ကြယ္လြန္သြားတဲ့ ခင္ပြန္းျဖစ္သူ ဒီအလႉေလးရဲ႕ အဖို႔ဘာဂကို ခင္ပြန္းျဖစ္သူေကာင္းရာဘုံဘဝကေန ရရွိေစဖို႔ ဆႏၵျပဳထားပါေသးတယ္။

Advertisement

Source – Ngwe Ou
Chilli – CeleZone

Be the first to comment

Leave a Reply

Your email address will not be published.


*