နှမချင်းစာနာစွာဖြင့်သူ့ကို အားပေး တဲ့သူတွေ အားလုံးကို ကျေးဇူးတင် တယ် ဆိုတဲ့ ဆုအိမ့်စံ

နှမချင်းစာနာစွာဖြင့်သူ့ကို အားပေး တဲ့သူတွေ အားလုံးကို ကျေးဇူးတင် တယ် ဆိုတဲ့ ဆုအိမ့်စံ

ပရိ သတ်တွေကြားမှာ အရမ်းချစ်ပြီး အရမ်းကို Romatice ဖြစ်တဲ့ ချစ်သူစုံတွဲအဖြစ် နာမည်ြ ကီး ကျော်ကြားနေတဲ့ သူရိယနဲ့ ဆုအိမ်စံတို့ တိုင်းသိပြည်သိစေ့စပ်ကြောင်းလမ်းပြီူနောက်မှာေ တာ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ သွေးအေးသွားခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ေ ယာ က်လမ်းခွဲလိုက်ပြီ ဆိုတဲ့အကြောင်းကို မင်းသားသူရိယဘက်မှ တရားဝင် ကြေညာ ခဲ့တာ ဘဲဖြစ်ပါတယ်

အဲ့ ဒီနောက်မှာတော့ ဆုအိမ်စံက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ သူမရဲ့ ဂုဏ်သက္ခာအ တွက် တရားစွဲမယ်ဆိုတဲ့ အကြောင်းကို​အတိအလင်းကြေညာခဲ့ပါတယ်။

သူရိယကတော့ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဖြေရှင်းဖို့မရှိပါဘူး သူရှေ့ဆက်ြ ပီးအကောင်းဆုံးအတည်ငြိမ်ဆုံး ဖြစ်အောင် ကြိုးစားပြီးအနုပညာအလုပ်တွေကို လုပ်ဆောင် သွား မယ်လို့သာပြောကြားခဲ့ပါတယ်။

ဆုအိမ်စံ ဘက်ကတော့ အမှန်တရားတစ်ချို့ကို ပြောပြလာခဲ့ပါတယ်။ သူမက ” အမှန်တရား အတိုင်းဖြေရှင်းထားတာဖြစ်ပါတယ်… FB Engaged Relationship မှာ ဆုဆုတဖက်တည်း ရှိနေတာ သူဆီကတဖက်သတ်လမ်းခွဲကြောင်းကြေညာပြီးနောက်မှာ သူBlock သွားလို့ပါ… ဆုဆုကိုနားလည်စာနာပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် “

“ဆုဆုကို နှမချင်း သားသမီးချင်း စာနာစွာဖြင့် နှစ်သိမ့် အားပေးကြသော သူများအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ မီဒီယာ အကို အမများ အားလုံးကို မတွေ့နိုင် ဖြစ်သွား တာကိုလည်း စာနာ နားလည်ပေးပါလို့ မေတ္တာရပ်ခံပါတယ် ” လို့ ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာရေးသားခဲ့ပါ တယ်။

ဆုအိမ်စံနဲ့ သူရိယ တို့ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလဘ(၁၄)ရက်နေ့က တိုင်းသိ ပြည်သိ စေ့စပ်ထားပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားပြီး ဖြစ်ကာ လက်ရှိမှာတော့ အစီအစဉ်အားလုံး ပျက်သုန်းခဲ့ပါပြီး ဖြစ်ပါတယ်။

ဒီလိုတဖက် သတ်လမ်းခွဲခဲ့တာနဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာပိုင်း ထိခိုက်ပျက်ဆီးခဲ့တာကြောင့် တရားဥပဒေ နဲ့ အညီ ဆောင်ရွက်သွားမယ် လို့ ဆိုပြီးလဲ မီဒီယာတွေဖြေကြားခဲ့ပါတယ်။

ချစ်တဲ့ ပရိသတ်တွေကလဲ သူတို့နှစ်ယောက်အတွက် အားပေးစကားတွေ ပြောပေးခဲ့ကြပါဦးနော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။Hsu Eaint San

Comments are closed.