အပင္​ ၁​ေသာင္​းစိုက္​ၿပီး ရြာကိုကယ္​​ခဲ့တဲ့ တ႐ုတ္​ျပည္​က မသန္​စြမ္​းသူႏွ​စ္​ဦး

အပင္​ ၁​ေသာင္​းစိုက္​ၿပီး ရြာကိုကယ္​​ခဲ့တဲ့ တ႐ုတ္​ျပည္​က မသန္​စြမ္​းသူႏွ​စ္​ဦး

သူတို္​့ႏွစ္​​ေယာက္​ရဲ႕ အျဖစ္​က အ​ေတာ္​​ေလး ဝမ္​းနည္​း​ေစသလို အားတက္​​ေစတဲ့ သင္​ခန္​းစာလည္​း ျဖစ္​ခဲ့ပါတယ္​။ မသန္စြမ္​းသူႏွစ္​​ေယာက္​ရဲ႕ပူး​ေပါင္​းမႈက သူတို႔ရဲ႕ရြာကိုကယ္​တင္​​ေပးႏုိင္​ခဲ့သလို သန္​စြမ္​းသူ​ေတြကိုပါ အတုယူဖြယ္​ ပြင္​့လန္​း​ေစခဲ့ပါတယ္​။

သူတို႔ႏွစ္​​ေယာက္​ရဲ႕ နာမည္​က Haixia နဲ႔ Wenqi လို႔​ေခၚပါတယ္​။ Haixia က ​ေမြးရာပါ အတြင္​းတိမ္​ပါလာၿပီး ဘယ္​ဘက္​မ်က္​လံုးက မျမင္​ရသလို ကံဆုိးခ်င္​​ေတာ့ အလုပ္​ဝင္​လုပ္​ရင္​း နဲ႔ ၂၀၀၀ ခုႏွစ္​မွာ မ​ေတာ္​တဆမႈ ၾကံဳၿပီး ညာဘက္​မ်က္​လံုးပါ အျမင္​အာရံုကြယ္​​ေပ်ာက္​ခဲ့ရတယ္​။ Wenqi က​ေတာ့ သံုးႏွစ္​သားကတည္​းက လက္​ႏွစ္​ဖက္​ျဖတ္​ပစ္​လို္​က္​ရ႐ွာခဲ့သူပါ။

သူတို႔ႏွစ္​​ေယာက္​အတြက္​ အသက္​​ေမြးရပ္​တည္​စရာ အလုပ္​အကိုင္​ မ႐ွိတဲ့အခ်ိန္​ ႏွစ္​ဦးသားပူး​ေပါင္​းလက္​တြဲၿပီး အဓိပၸါယ္​တစ္​ခု​ေတာ့ျဖစ္​​ေအာင္​​ေနသြားၾကဖို႔ ၾကံ​ေဆာင္​ခဲ့ၾကတယ္​။

သူတို႔​ေနထိုင္​ရာ Yeli ရြာရဲ႕ ျမစ္​ကမ္​းနံ​ေဘးက မျဖစ္​ထြန္​းလို႔ စြန္​႔ပစ္​ထားတဲ့ က်တ္​​ေျမ ၈ ဧက ကို အစိုးရထံက ငွါးရမ္​းၿပီး သစ္​ပင္​စိုက္​ဖို႔ဆံုးျဖတ္​လိုက္​ၾကတယ္​။

သူတို႔ရဲ႕ ​ေ႐ွ႕ကိုသြားတဲ့ ​ေစတနာစိတ္​က တကယ္​အက်ိဳး​ေပးခဲ့ၿပီး ဒီက်တ္​​ေျမကို သူတို႔စိုက္​ပ်ိဳး​ေနခ်ိန္​မွာ ​ေနထိုင္​စား​ေသာက္​ဖို႔ အစိုးရဘက္​က ရန္​ပံု​ေငြ​ေထာက္​ပံ့မႈပါလုပ္​​ေပးခဲ့ပါတယ္​။

မသန္​စြမ္​းညီအစ္​ကိုရဲဘက္​ ႏွစ္​​ေယာက္​ဟာ မသန္​စြမ္​းမႈကို ​ေက်ာ္​ျဖတ္​ၿပီး က်တ္​​ေျမ ၈ ဧက ကို စုိက္​ပ်ိဳး​ေျမျဖစ္​ထြန္​း​ေအာင္​ တကယ္​လုပ္​ျပႏိုိင္​ခဲ့ပါတယ္​။

ဒါဟာ သာမန္​ လြယ္​လြယ္​ကူကူ ျဖစ္​ခဲ့တာမဟုတ္​တာ​ေတာ့ သိပ္​​ေသခ်ာသ​ေပါ့​ေလ။ သူတို႔​ေသြး​ေသာက္​ညီအစ္​ကို ႏွစ္​​ေယာက္​အတြက္​ ၁၀ ႏွစ္​ၾကာကာလအထိ စိတ္​႐ွည္​လက္​႐ွည္​အခ်ိန္​ယူခဲ့ရၿပီး သစ္​ပင္​​ေပါင္​း အပင္​ ၁ေသာင္း အ​ေရအတြက္​ နဲ႔ က်တ္​​ေျမႀကီးတစ္​ခုလံုးကို စိမ္​းလန္​းစိုျပည္​ လာ​ေစ​ေအာင္​ ဖန္​ဆင္​းစိုက္​ပ်ဳိဳးျပခဲ့တယ္​။

မနက္​ဆို ၇ နာရီ ထၿပီး ႏွစ္​​ေယာက္​သား အလုပ္​ အတူဝင္​ၾကတယ္​။ ပင္​ပ်ဳိ​ေတြကို ​ေငြကုန္​​ေၾကးက်ခံ မဝယ္​ဘဲ မ်က္​မျမင္​သူ Haixia က ကို္​ယ္​တုိင္​အပင္​​ေပၚတက္​၊ အ​ေကာင္​းဆံဳး သစ္​ကိုင္​း​ေတြကို ျဖတ္​ၿပီး ကိုင္​းဆက္​စိုက္​ပ်ိဳးနည္​းကိုသံုးခဲ့တယ္​​​။

အပင္​စိုက္​ဖို႔ ​ေျမတူးတဲ့ကိစၥကိုလည္​း သူပဲလုပ္​တယ္​။ Wenqui က အပင္​​ေတြ​ေရ​ေလာင္​း၊ ​ေပါင္​းသင္​ျပဳစုတယ္​။ တကယ္​့ကို မခိုမကပ္​ ပါပဲ။

သူတို႔ ရဲ႕ လုပ္​္​အားနဲ႔ အားစိုက္​ထုတ္​မႈဟာ ၁၀ ႏွစ္​အၾကာမွာ တကယ္​ အရာထင္​သြားခဲ့ၿပီး ရြာအတြက္​ပါ သူရဲ​ေကာင္​း ႀကီး​ေတြျဖစ္​လာခဲ့တယ္​။ ႏွစ္​စဥ္​တုိင္​း ရြာမွာ ​ေရျကီး​ေလ့႐ွိတဲ့အ​ေရးကို သူတို႔စိုက္​တဲ့ အပင္​ ၁ေသာင္း က ကယ္​တင္​​ေပးခဲ့လို႔ပါပဲ။

ႏွစ္​စဥ္​ဒုကၡခံလာရခဲ့တဲ့ ရြာရဲ႕ကပ္​​ေဘးကိုပါ ​ေျဖ႐ွ​​င္​းၿပီးသား ျဖစ္​​ေစခဲ့ၿပီး သူတို့လုပ္​အား ရဲ႕အသီးအပြင္​့သုခက တစ္​ရြာလံုးအတြက္​ ျဖစ္​ခဲ့ပါတယ္​။ အခု​ေတာ့ သူတို႔ႏွစ္​​ေယာက္​ရဲ႕ ​စိတ္​​ေစတနာနဲ႔ ကိုယ္​က်ိဳးမငဲ့တဲ့၊ အမ်ားအက်ိဳး​ေဆာင္​ခဲ့တဲ့ ပရဟိတ လုပ္​အားဟာ ကမၻာကိုပါ ႐ိုက္​ခတ္​သြားခဲ့ၿပီး ႏွစ္​ဦးသားရဲ႕ဘဝကို လံုျခံဳစိတ္​ခ်ရဖို႔ ကူညီ​ေစာင္​့​ေ႐ွာက္​မႈ​ေတြ ႐ွိလာခဲ့ပါတယ္​။

ဆရာဝန္​အဖြဲ႕အစည္​းတစ္​ခုကလည္​း Haixia ရဲ႕ မ်က္​လံုး​ေတြျပန္​ျမင္​ရ​ေအာင္​ အကူအညီ​ေပးသြားဖို႔ ကမ္​းလွမ္​းလာခဲ့ပါၿပီ။

ၾကည္​ႏူးပီတိျဖစ္​ဖြယ္​ လုပ္​ရပ္​​ေတြတိုင္​းဟာ လူသားမဟူတိုင္​းမွာ ႐ွိ​ေနတာျဖစ္​ၿပီး တကယ္​ထုတ္​သံုးႏို္​င္​ခဲ့တဲ့ တ႐ုတ္​ျပည္​ရဲ႕ မသန္​စြမ္​း ​ေသြး​ေသာက္​ညီအကိုႏွစ္​​ေယာက္​ရဲ႕ လုပ္​အားက​ေတာ့ ဒါကို သက္​​ေသျပႏိူင္​ခဲ့ပါတယ္​။


ကမၻာႀကီးမွာ စိတ္​​ေကာင္​း​ေစတနာမြန္​​ေတြအတြက္​ ဘယ္​အရာကမွ အဟန္​႔အတား မျဖစ္​​ေစႏိုင္​ပါဘူး။

[UNICODE FONT]

သူတို့်နှစ်ယောက်ရဲ့ အဖြစ်က အတော်လေး ဝမ်းနည်းစေသလို အားတက်စေတဲ့ သင်ခန်းစာလည်း ဖြစ်ခဲ့ပါတယ်။ မသန်စွမ်းသူနှစ်ယောက်ရဲ့ပူးပေါင်းမှုက သူတို့ရဲ့ရွာကိုကယ်တင်ပေးနိုင်ခဲ့သလို သန်စွမ်းသူတွေကိုပါ အတုယူဖွယ် ပွင့်လန်းစေခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ နာမည်က Haixia နဲ့ Wenqi လို့ခေါ်ပါတယ်။ Haixia က မွေးရာပါ အတွင်းတိမ်ပါလာပြီး ဘယ်ဘက်မျက်လုံးက မမြင်ရသလို ကံဆိုးချင်တော့ အလုပ်ဝင်လုပ်ရင်း နဲ့ ၂၀၀၀ ခုနှစ်မှာ မတော်တဆမှု ကြုံပြီး ညာဘက်မျက်လုံးပါ အမြင်အာရုံကွယ်ပျောက်ခဲ့ရတယ်။ Wenqi ကတော့ သုံးနှစ်သားကတည်းက လက်နှစ်ဖက်ဖြတ်ပစ်လိုက်ရရှာခဲ့သူပါ။

သူတို့နှစ်ယောက်အတွက် အသက်မွေးရပ်တည်စရာ အလုပ်အကိုင် မရှိတဲ့အချိန် နှစ်ဦးသားပူးပေါင်းလက်တွဲပြီး အဓိပ္ပါယ်တစ်ခုတော့ဖြစ်အောင်နေသွားကြဖို့ ကြံဆောင်ခဲ့ကြတယ်။

သူတို့နေထိုင်ရာ Yeli ရွာရဲ့ မြစ်ကမ်းနံဘေးက မဖြစ်ထွန်းလို့ စွန့်ပစ်ထားတဲ့ ကျတ်မြေ ၈ ဧက ကို အစိုးရထံက ငှါးရမ်းပြီး သစ်ပင်စိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်။

သူတို့ရဲ့ ရှေ့ကိုသွားတဲ့ စေတနာစိတ်က တကယ်အကျိုးပေးခဲ့ပြီး ဒီကျတ်မြေကို သူတို့စိုက်ပျိုးနေချိန်မှာ နေထိုင်စားသောက်ဖို့ အစိုးရဘက်က ရန်ပုံငွေထောက်ပံ့မှုပါလုပ်ပေးခဲ့ပါတယ်။

မသန်စွမ်းညီအစ်ကိုရဲဘက် နှစ်ယောက်ဟာ မသန်စွမ်းမှုကို ကျော်ဖြတ်ပြီး ကျတ်မြေ ၈ ဧက ကို စိုက်ပျိုးမြေဖြစ်ထွန်းအောင် တကယ်လုပ်ပြနိုင်ခဲ့ပါတယ်။

ဒါဟာ သာမန် လွယ်လွယ်ကူကူ ဖြစ်ခဲ့တာမဟုတ်တာတော့ သိပ်သေချာသပေါ့လေ။ သူတို့သွေးသောက်ညီအစ်ကို နှစ်ယောက်အတွက် ၁၀ နှစ်ကြာကာလအထိ စိတ်ရှည်လက်ရှည်အချိန်ယူခဲ့ရပြီး သစ်ပင်ပေါင်း အပင် ၁သောင်း အရေအတွက် နဲ့ ကျတ်မြေကြီးတစ်ခုလုံးကို စိမ်းလန်းစိုပြည် လာစေအောင် ဖန်ဆင်းစိုက်ပျိုးပြခဲ့တယ်။

မနက်ဆို ၇ နာရီ ထပြီး နှစ်ယောက်သား အလုပ် အတူဝင်ကြတယ်။ ပင်ပျိုတွေကို ငွေကုန်ကြေးကျခံ မဝယ်ဘဲ မျက်မမြင်သူ Haixia က ကိုယ်တိုင်အပင်ပေါ်တက်၊ အကောင်းဆုံး သစ်ကိုင်းတွေကို ဖြတ်ပြီး ကိုင်းဆက်စိုက်ပျိုးနည်းကိုသုံးခဲ့တယ်။

အပင်စိုက်ဖို့ မြေတူးတဲ့ကိစ္စကိုလည်း သူပဲလုပ်တယ်။ Wenqui က အပင်တွေရေလောင်း၊ ပေါင်းသင်ပြုစုတယ်။ တကယ့်ကို မခိုမကပ် ပါပဲ။

သူတို့ ရဲ့ လုပ်အားနဲ့ အားစိုက်ထုတ်မှုဟာ ၁၀ နှစ်အကြာမှာ တကယ် အရာထင်သွားခဲ့ပြီး ရွာအတွက်ပါ သူရဲကောင်း ကြီးတွေဖြစ်လာခဲ့တယ်။ နှစ်စဉ်တိုင်း ရွာမှာ ရေကြီးလေ့ရှိတဲ့အရေးကို သူတို့စိုက်တဲ့ အပင် ၁သောင်း က ကယ်တင်ပေးခဲ့လို့ပါပဲ။

နှစ်စဉ်ဒုက္ခခံလာရခဲ့တဲ့ ရွာရဲ့ကပ်ဘေးကိုပါ ဖြေရှင်းပြီးသား ဖြစ်စေခဲ့ပြီး သူတို့လုပ်အား ရဲ့အသီးအပွင့်သုခက တစ်ရွာလုံးအတွက် ဖြစ်ခဲ့ပါတယ်။ အခုတော့ သူတို့နှစ်ယောက်ရဲ့ စိတ်စေတနာနဲ့ ကိုယ်ကျိုးမငဲ့တဲ့၊ အများအကျိုးဆောင်ခဲ့တဲ့ ပရဟိတ လုပ်အားဟာ ကမ္ဘာကိုပါ ရိုက်ခတ်သွားခဲ့ပြီး နှစ်ဦးသားရဲ့ဘဝကို လုံခြုံစိတ်ချရဖို့ ကူညီစောင့်ရှောက်မှုတွေ ရှိလာခဲ့ပါတယ်။

ဆရာဝန်အဖွဲ့အစည်းတစ်ခုကလည်း Haixia ရဲ့ မျက်လုံးတွေပြန်မြင်ရအောင် အကူအညီပေးသွားဖို့ ကမ်းလှမ်းလာခဲ့ပါပြီ။

ကြည်နူးပီတိဖြစ်ဖွယ် လုပ်ရပ်တွေတိုင်းဟာ လူသားမဟူတိုင်းမှာ ရှိနေတာဖြစ်ပြီး တကယ်ထုတ်သုံးနိုင်ခဲ့တဲ့ တရုတ်ပြည်ရဲ့ မသန်စွမ်း သွေးသောက်ညီအကိုနှစ်ယောက်ရဲ့ လုပ်အားကတော့ ဒါကို သက်သေပြနိူင်ခဲ့ပါတယ်။


ကမ္ဘာကြီးမှာ စိတ်ကောင်းစေတနာမွန်တွေအတွက် ဘယ်အရာကမှ အဟန့်အတား မဖြစ်စေနိုင်ပါဘူး။

Comments are closed.