သူများထားလို့ ဆံပင်အရှည်လိုက် ထားတာ မဟုတ်ဘူးလို့ ဆိုလာတဲ့ အိစိကွေး

သူများထားလို့ ဆံပင်အရှည်လိုက် ထားတာ မဟုတ်ဘူးလို့ ဆိုလာတဲ့ အိစိကွေး

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိ ထားတဲ့ အိစိကွေးဟာ အခုဆိုရင် (၁၈)နှစ်အရွယ် လူပျိုပေါက်လေးဖြစ်လို့နေပါပြီ။ အိစိကွေး ဟာ ၁၀ တန်းအောင်ပြီးနောက်မှာတော့ အနုပညာလုင်ငန်းတွေကို ပိုမိုလုပ်ကိုင်ပြီး သီချင်းတွေ ကိုလဲ သီဆိုနေပြီဖြစ်ပါတယ်။ ပရိသတ်တွေကလဲ သူ့ရဲ့သီချင်းကောင်းလေးတွေကို သဘော ကျကြိုက်နှစ်သက်စွာ အားပေးကြတာဖြစ်ပါတယ်

လက်ရှိမှာတော့ အိစိကွေးကို ကျောလောက်ရှည်တဲ့ ဆံပင်အရှည်ကြီးနဲ့ ပုံစံအသစ်အဆန်းေ တွ့မြင်ရတာပဲ ဖြစ်ပါတယ်။ အိစိကွေးတစ်ယောက် ဆံပင်ဆက်ပြီး ပုံစံအသစ်ပြောင်းလိုက်လို့ ပရိသတ်တွေက အနည်းငယ် ဝေဖန်မှုတွေ ရှိခဲ့တာကို တွေ့ရပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး အိစိကွေးက “ဆံပင်ရှည်ထားပြီး ဂျင်းအင်္ကျီဝတ်တိုင်း လမ်းသရဲလို့မ ထင်လိုက်ပါနဲ့။ Btw အလုပ်ကိစ္စလေးကြောင့် ဆံပင်ပြောင်းထားတာနော် ဟီး သူများလို လိုက်ထားတယ်ထင်မှာဆိုလို့ 😁😁😁” ဆိုပြီး သူ့ရဲ့ ပရိသတ်တွေကို ရှင်းပြထားပါတယ်။

အိစိကွေးကတော့ လက်ရှိမှာလည်း ကျောင်းတစ်ဖက်နဲ့ အနုပညာလုပ်ငန်းတွေကို အချိန်ပေးပြီး လုပ်ကိုင်နေပြီး ပရိသတ်တွေကလည်း သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

အိစိကွေးကတော့ အခုဆို ဆံပင်ရှည်ကြီးနဲ့ဆိုတော့ မြင်နေကျပုံစံနဲ့ ကွဲထွက်ပြီး အရမ်းကို မိုက်တာပဲနော်။ ပရိသတ်ကြီးလည်း အိစိကွေးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်ေ နာ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Eisi Kway’s fb
Photo – Sue Kxet ( Fantasy In Art ),Reference&Credit:momolay.com

Comments are closed.