ထိုင်းနိုင်ငံမှာ အနုပညာကြေးမြင့်ပြီး ယူတယ်ဆိုတဲ့ အကြောင်းကိုပြော ပလာ တဲ့ ပိုင်တံခွန်

ထိုင်းနိုင်ငံမှာ အနုပညာကြေးမြင့်ပြီး ယူတယ်ဆိုတဲ့ အကြောင်းကိုပြော ပလာ တဲ့ ပိုင်တံခွန်

နိုင်ငံကျော် သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်က လက်ရှိမှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံး အချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေထိ ပါ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ချောမောတဲ့ရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေး မှုကို အခိုင်အမာ ရရှိထားတာပါ။

ထိုင်းနိုင်ငံအထိ အောင်မြင်မှုတွေ ရရှိနေပြီး အနုပညာလုပ်ငန်းတွေ များစွာလုပ်ကိုင်နေတဲ့ ပိုင်တံခွန်က သူ့အနေနဲ့ ထိုင်းနိုင်ငံမှာ အနုပညာကြေးမြင့်စွာ ယူတယ်ဆိုတဲ့ အကြောင်းကို အခုလိုပဲ ပြောပြာလာပါတယ်။

“ကျွန်တော့်ကို ထိုင်းက ကြော်ငြာတွေအများကြီး ရိုက်ဖို့ ကမ်းလှမ်းတာတွေရှိပေမယ့် ကျွန်ေ တာ့ အနေနဲ့ ပိုက်ဆံရတိုင်း သွားမရိုက်ဖြစ်ပါဘူး။ ကျွန်တော် ကြေငြာတဲ့ ကြော်ငြာဟာ ကျွန်ေ တာ့ image အတွက် ကောင်းတယ်၊ ကျွန်တော့ ပရိသတ်တွေအတွက် ကောင်းတယ်၊ အဲ့ဒီကုန် ပစ္စည်းက လူတိုင်းနဲ့ အဆင်ပြေ၊ အသုံးတည့်တယ်ဆိုမှ ရိုက်ကူးတာ ဖြစ်ပါတယ်။”

“ကျွန်တော်ကို လာရောက် အပ်နှံတဲ့ အလုပ်တိုင်းကို သေသေချာချာ ဂရုတစိုက် လုပ်ကိုင်ပေး တာေ ကြာင့် ကျွန်တော်ကျေနပ်တဲ့ ကြေးတစ်ခုကိုရမှ ရိုက်ကူးဖြစ်ပါတယ်။” ဆိုပြီး ပြော လာ တာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပိုင်တံခွန်က “ကျွန်တော် အခုလို ထိုင်းနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်ကို င်နေရတာ မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုကြောင့်လည်း ပါပါတယ်။ မြန်မာပြည် မှာရှိတဲ့ ကျွန်တော့ ပရိသတ် တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။

Rowena
Source: Momolay Tv,Reference&Credit:momolay.com

Comments are closed.