စီးပွားဖက်၊ လင်လုဖက်မဟုတ်ဘဲ အချိန်ပြည့်တိုက်ခိုက်နေသူတွေကို သနားတယ်ဆိုတဲ့ သင်းသင်း
စီးပွားဖက်၊ လင်လုဖက်မဟုတ်ဘဲ အချိန်ပြည့်တိုက်ခိုက်နေသူတွေကို သနားတယ်ဆိုတဲ့ သင်းသင်း
[Unicode]
သင်းသင်းတစ်ယောက်ကတော့ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ သရုပ်ဆောင်ဝေဠုကျော်နဲ့ ချစ်သူသက်တမ်း (၈) လအကြာမှာ လမ်းခွဲခဲ့ကြပြီးတော့ ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားရုံးမှာဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ဝေဠုကျော်ကတော့ လက်ရှိမှာ မြင်းမူမြို့ကိုရောက်ရှိနေပြီး ပရဟိတ ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်းလည်း ခံလိုက်ရတာဖြစ်ပါတယ်။
သင်းသင်းကတော့ သရုပ်ဆောင်ဝေဠုကျော်နဲ့ပတ်သက်ပြီးဖြစ်စဉ်တွေကို ဖွင့်ချပြခဲ့တဲ့အချိန်တည်းက ယနေ့အချိန်ထိတိုင်အတိုက်အခိုက်တွေနဲ့ ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ သူမကို တိုက်ခိုက်နေကြတဲ့ သူတွေကိုလည်း သူမအနေနဲ့ကတော့ ဘာတုံ့ပြန်မှုမှမပြောတတ်သူလည်းဖြစ်ပါတယ်။ သင်းသင်းကတော့ သူမနဲ့ စီးပွားဖက်၊ လင်လုဖက်တွေမဟုတ်ဘဲ အချိန်ပြည့်တိုက်ခိုက်နေသူတွေကို အရမ်းသနားမိတယ်လို့ ပြောလိုက်ပါတယ်။
“ကျမနဲ့ စီးပွားဖက် လင်လုဖက် မဟုတ်ပဲ ကျမကို အချိန်ပြည့်တိုက်ခိုက်နေကြသူများ အရမ်းသနားမိတယ်…ဘာလို့လဲဆိုတော့ ကျမကိုဘယ်လောက်တိုက်ခိုက်ဘယ်လောက်ပဲ ဝေဖန်နေပါစေ ..ဥပက္ခာတရားလက်ကိုင်ထားပီး ကျော်လွှားနေလိုက်တယ်လေ… သိလားလို့ အာ့တာလေးပြောပြတာ” လို့ သူမကိုတိုက်ခိုက်နေသူတွေကို ဆိုလိုက်ပါတယ်။We Love Cele
Comments are closed.