ဆေးရုံတက်နေရတဲ့ သားလေး မကြာခင်ဆေးရုံဆင်း ရတော့မယ့် ဝမ်းသာစရာသတင်းလေးကို မျှဝေလာတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ မိဘမဲ့ လူမမယ် ခိုးကိုးရာမဲ့ ကလေးတွေကို အယုတ်အလတ် အမြတ်မရွေး မွေးစားစောင့်ရှောက်နေခဲ့သူပါ။ ကလေးတွေရဲ့ဘဝပေးအခြေနေကြောင့် ကျန်းမာရေးကောင်းတဲ့ ကလေးတွေလည်း ရှိသလို ကျန်းမာရေးမကောင်းတဲ့ ကလေးတွေကိုလည်း မညည်းမငြူ ပြုစုစောင့်ရှောက်ပေးနေခဲ့ပါသေးတယ်။

ဆေးကုသမှုခံယူရမယ့်ကလေးတွေကိုလည်း ဆေးရုံမှာ ရောဂါသက်သာပျောက်ကင်းတဲ့အထိကို ကုသပေးနေခဲ့ရင်း ဒီနေ့မှာတော့ ဆေးရုံမှာ ဆေးကုသမှုခံနေရတဲ့ သားတစ်ယောက် ရောဂါတွေပျောက်ကင်းသက်သာလာပြီဖြစ်တဲ့အကြောင်းလေးကို မျှဝေဖော်ပြထားခဲ့ပါတယ်။ သားလေးရဲ့ ကျန်းမာရေးကလည်း စိတ်ချရတဲ့ အနေထားကို ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့အတွက် မကြာခင်ဆေးရုံကဆင်းရတော့ မှာပါတဲ့။

ခိုင်နှင်းဝေကတော့ အခုလို သူ့ရဲ့ကလေးတွေ အကုန်လုံးကို ဂရုစိုက်ကုသပေးပါသော ရန်ကင်းကလေးဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် ဆရာ| ဆရာမ များ၊ ဝန်ထမ်းများ အားလုံးကိုလဲ ကျေးဇူးအများကြီး တင်ပါတယ်ရှင် လို့လည်း ဝမ်းသာစရာသတင်းလေးနဲ့အတူ ကျေးဇူးတင်ကြောင်းလည်း ပြောထားခဲ့ပါသေးတယ်။

Source – Khine Hnin Wai
Chilli – CeleZone

Advertisement

[zawgyi]




Advertisement

Source – Khine Hnin Wai
Chilli – CeleZone

Be the first to comment

Leave a Reply

Your email address will not be published.


*