ကိုယ့္ကိုယ္ သတ္ေသဖို႔ႀကိဳးစားခဲ့တဲ့ အေၾကာင္းနဲ႔ ပတ္သက္ၿပီး ျခဴးေလးျ ပန္ေျဖရွင္း

ကိုယ့္ကိုယ္ သတ္ေသဖို႔ႀကိဳးစားခဲ့တဲ့ အေၾကာင္းနဲ႔ ပတ္သက္ၿပီး ျခဴးေလးျ ပန္ေျဖရွင္း

MRTV 4 မင္းသမီးေလးလို႔ လူသိမ်ားတဲ့ ႏိုင္ငံေက်ာ္ သရုပ္ေဆာင္ မင္းသမီးေလး ျခဴးေလး ဟာဆိုရင္ ပရိသတ္ေတြ ခ်စ္ခင္အားေပးရတဲ့ သူေလးပါ။ သူမသရုပ္ေဆာင္ ရိုက္ကူးထားတဲ့ ဇာတ္လမ္းမ်ားစြာ လည္းရွိတာေၾကာင့္ သူမကို ခ်စ္ခင္အားေပးတဲ့ ပရိသတ္အခိုင္အမာရရွိထားတာပဲ ျဖစ္ပါတယ္။ဒီတစ္ခာမွာေတာ့ မေန့က ျခဴးေလး ကိုယ့္ကို သတ္ေသဖို႔ ၾကိုးစားခဲ့တဲ့ ကိစၥနဲ့ ပတ္သက္ၿပီး ပရိသတ္ေတြအရမ္းစိုးရိမ္း ခဲ့တဲ့အေပၚျခဴးေလးက ဒီေန့မွာ ျပန္ေျပာထားတာေလးကို ခ်စ္ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ျခဴးေလးက ခ်စ္သူနဲ့ လမ္းခြဲခဲ့ၿပီး အသဲကြဲတဲ့ဒဏ္ကို မခံစားနိုင္လို႔ ကိုယ့္ကိုယ္ သတ္ေသဖို႔ၾကိုးစားခဲ့တာပဲ ျဖစ္ပါတယ္။ ဒီလိုသတ္ေသဖို႔ၾကိဳးစားတဲ့ အေပၚပရိသတ္ေတြကအရမ္းကို စိတ္မေကာင္း ျဖစ္ခဲ့ရပါတယ္။ျခဴးေလးက သူ႔ကို စိတ္ပူေပးၾကတဲ့ ပရိသတ္ေတြနဲ့ ဒီလိုကိစၥေၾကာင့္ နစ္နာသြားတဲ့ သူေတြကို ခုလိုပဲ ေျဖရွင္ၿပီး ေျပာထားပါတယ္။ ျခဴးေလးေျပာထားတာကေတာ့ “စိတ္ပူေပး ၾကတဲ့ သူေတြအားလံုး ကို ျခဴးေလးတကယ္ လႈိက္လႈိက္လွဲလွဲရင္ထဲက ေက်းဇူးတင္ပါတယ္ ရွင္ လူငယ္တစ္ေယာက္အေနနဲ႔ ဘဝ ရဲ႕ အဆင္မေျပမႈ မ်ား ေၾကာင့္ ခဏတာေလး ယိုင္လဲသြားတာပါ အခု အရာအားလံုးကို ေမ့ပစ္ၿပီး စိတ္ဓါတ္ခိုင္မာစြာနဲ႔ ကိုယ့္ကိုကိုယ္ ျပန္လည္တည္ေဆာက္ထားပါတယ္

ျခဴးကိုညီမအရင္းလို ခ်စ္ၿပီး တန္ဖိုးထားေပးတဲ့ မဂ်ဴဂ်ဴးပန္ထြာနဲ႔ တျခား သူငယ္ခ်င္းမ်ား လုပ္ေဖာ္ကိုင္ဖက္မ်ားကိုလည္း တကယ့္ အခက္ခဲ ၾကံဳခ်ိန္မွာ အရမ္းကို ေလးစားခ်စ္ခင္မိပါတယ္ အမတို႔ရဲ႕ ျခဴးေလးအေပၚမွာထားရွိတဲ့ ေမတၱာ တရားတြ ဟာ တျခားသူေတြ အတြက္ ေဝဖန္မႈေတြ ျဖစ္လာခဲ့တာကို ျခဴးေလး တကယ္ အားနာၿပီး စိတ္မေကာင္းျဖစမိပါတယ္အခု ျခဴးေလး ျဖစ္ခဲ့ရတာေတြကလည္း မည္သူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္နစ္နာလိုစိတ္မရွိပါ အရာရာ ဟာ ကံတရားလို႔ဘဲ သတ္မွတ္ထားပါတယ္

ခုလို ျပန္ရွင္းျပရတာကလည္း Page မ်ားရ ဲ့ ျပင္းထန္လွတဲ့ ေခါင္းစဥ္အမ်ိဳးမ်ိဳး ရဲ႕ ေအာက္မွာ အလူးအလဲ ေဝဖန္တိုက္ခိုက္ခံေနရတဲ့ ကာယကံရွင္ ျဖစ္တဲ့ ျခဴး ရယ္ မဂ်ဴးဂ်ဴးပန္ထြာရယ္တစ္ေယာက္ေသာသူ အတြက္ရယ္ပါ အရာရာၿပီးခဲ့ၿပီမို႔ ကာယကံရွင္ေတြရဲ႕ အနာဂါတ္ ေတြကို ငဲ့ကြက္ေသာ အားျဖင့္ Page ေတြ ျပန္လည္ မွ်ေဝေပးဖို႔ ေမတၱာရပ္ခံပါတယ္ရွင္ အရာရာအားလံုးဟာ ကိုယ့္ဘဝနဲ႔ကိုယ္ျဖစ္ေနပါၿပီသူမ်ားကို ထိခိုက္ေစတဲ့ comment မ်ား မ မန္႔ဖို႔ ေမတၱာရပ္ခံပါတယ္ရွင္” ဆိုၿပီးေျပာထားပါတယ္။

သရုပ္ေဆာင္ ျခဴးေလး က သူ႕ေၾကာင့္နစ္နာသြားတဲ့ သူေတြအတြက္ ခုလိုပဲ ျပန္ေျပာထားတာပါ။ ၾကည့္ရူေပးၾကတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။

[Unicode]

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ဒီတစ်ခာမှာတော့ မနေ့က ခြူးလေး ကိုယ့်ကို သတ်သေဖို့ ကြိုးစားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေအရမ်းစိုးရိမ်း ခဲ့တဲ့အပေါ်ခြူးလေးက ဒီနေ့မှာ ပြန်ပြောထားတာလေးကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ခြူးလေးက ချစ်သူနဲ့ လမ်းခွဲခဲ့ပြီး အသဲကွဲတဲ့ဒဏ်ကို မခံစားနိုင်လို့ ကိုယ့်ကိုယ် သတ်သေဖို့ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုသတ်သေဖို့ကြိုးစားတဲ့ အပေါ်ပရိသတ်တွေကအရမ်းကို စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ခြူးလေးက သူ့ကို စိတ်ပူပေးကြတဲ့ ပရိသတ်တွေနဲ့ ဒီလိုကိစ္စကြောင့် နစ်နာသွားတဲ့ သူတွေကို ခုလိုပဲ ဖြေရှင်ပြီး ပြောထားပါတယ်။ ခြူးလေးပြောထားတာကတော့ “စိတ်ပူပေး ကြတဲ့ သူတွေအားလုံး ကို ခြူးလေးတကယ် လှိုက်လှိုက်လှဲလှဲရင်ထဲက ကျေးဇူးတင်ပါတယ် ရှင် လူငယ်တစ်ယောက်အနေနဲ့ ဘဝ ရဲ့ အဆင်မပြေမှု များ ကြောင့် ခဏတာလေး ယိုင်လဲသွားတာပါ အခု အရာအားလုံးကို မေ့ပစ်ပြီး စိတ်ဓါတ်ခိုင်မာစွာနဲ့ ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်ထားပါတယ်

ခြူးကိုညီမအရင်းလို ချစ်ပြီး တန်ဖိုးထားပေးတဲ့ မဂျူဂျူးပန်ထွာနဲ့ တခြား သူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များကိုလည်း တကယ့် အခက်ခဲ ကြုံချိန်မှာ အရမ်းကို လေးစားချစ်ခင်မိပါတယ် အမတို့ရဲ့ ခြူးလေးအပေါ်မှာထားရှိတဲ့ မေတ္တာ တရားတွ ဟာ တခြားသူတွေ အတွက် ဝေဖန်မှုတွေ ဖြစ်လာခဲ့တာကို ခြူးလေး တကယ် အားနာပြီး စိတ်မကောင်းဖြစမိပါတယ်အခု ခြူးလေး ဖြစ်ခဲ့ရတာတွေကလည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ အရာရာ ဟာ ကံတရားလို့ဘဲ သတ်မှတ်ထားပါတယ်

ခုလို ပြန်ရှင်းပြရတာကလည်း Page များရ ဲ့ ပြင်းထန်လှတဲ့ ခေါင်းစဉ်အမျိုးမျိုး ရဲ့ အောက်မှာ အလူးအလဲ ဝေဖန်တိုက်ခိုက်ခံနေရတဲ့ ကာယကံရှင် ဖြစ်တဲ့ ခြူး ရယ် မဂျူးဂျူးပန်ထွာရယ်တစ်ယောက်သောသူ အတွက်ရယ်ပါ အရာရာပြီးခဲ့ပြီမို့ ကာယကံရှင်တွေရဲ့ အနာဂါတ် တွေကို ငဲ့ကွက်သော အားဖြင့် Page တွေ ပြန်လည် မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင် အရာရာအားလုံးဟာ ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်နေပါပြီသူများကို ထိခိုက်စေတဲ့ comment များ မ မန့်ဖို့ မေတ္တာရပ်ခံပါတယ်ရှင်” ဆိုပြီးပြောထားပါတယ်။

သရုပ်ဆောင် ခြူးလေး က သူ့ကြောင့်နစ်နာသွားတဲ့ သူတွေအတွက် ခုလိုပဲ ပြန်ပြောထားတာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Comments are closed.