စျေးရောင်းချပြီး ဝမ်းစာရှာဖွေနေရတဲ့ အဘိုးအဘွား ၁၀ဦးအတွက် Surprise ပန်းစည်းကို အလှူရှင်တစ် ဦးကိုယ်စားလှူဒါန်းကန်တော့ခဲ့တဲ့ မိုးစက်

ဟာသလူရွှင်တော်တစ်ယောက်ဖြစ်တဲ့ မိုးစက်ကတော့ အနုပညာပိုင်းမှာ ပရိသတ်တွေရဲ့ အသိအမှတ်ပြုတာတွေကို ရရှိထားတဲ့အပြင် အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ အခုလိုကာလကြီးမှာ ဆင်းရဲနွမ်းပါးပြည်သူတွေ၊ စျေးရောင်းချပြီး ဝမ်းစာရှာဖွေနေရတဲ့ အဘိုးအဘွားတွေ အတွက် လိုအပ်တာတွေကို တတ်နိုင်သလောက် ဖေးမကူညီကာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ကြုံရာကျပမ်း စျေးရောင်းချပြီး၊ ဝမ်းစာရှာဖွေနေရတဲ့ သက်ကြီးဘိုးဘွား ၁၀ဦးအတွက် တစ်ဦးလျှင် ကျပ်ငွေ ၅သောင်းပန်းစည်းကို အလှူရှင်တစ်ဦးကိုယ်စားလှူဒါန်းကန်တော့ပေးခဲ့တာပဲ ဖြစ်ပါတယ်။

“ဒီနေ့ အတွက် အဖိုးအဖွား (၁၀) ဦး Surprise 🎊🎁

********😍၅သိန်းကျပ်😍*********

Advertisement

……………………………………………………………

သမာအာဇီဝ ကျကျ လုပ်ကိုင်စားသောက်နေကြတဲ့

အဖိုးအဖွားတို့ကို ကူညီလှူဒါန်းချင်လို့ပါတဲ့။

တကယ်ပါ ကျွန်တော့်ရဲ့ ကူညီလှူဒါန်းမှူကို

Advertisement

ကြည်နူးပီတိဖြစ်နေသူ

မိတ်ဆွေအပေါင်းအသင်းများရဲ့

ပူးပေါင်းပါဝင်မှူကြောင့်

အခုဆိုရင် နေ့စဥ် နေ့တိုင်း

Advertisement

အချိန်တော်တော်များများကို

အဖိုးအဖွားတို့အတွက် ကူညီပေးနိုင်ခဲ့ပါတယ်။

ဒီနေ့ မှာလဲ စင်္ကါပူ နိုင်ငံမှာ နေထိုင်နေတဲ့

မခိုင်ယဥ်မွန် က သူ့ရဲ့ မွေးနေ့အတွက်

Advertisement

အဖိုးအဖွား တို့ကို ပန်းတစ်စည်း ၅သောင်းနဲ့

အဖိုးအဖွား ၁၀ ဦး ၅သိန်း ကျပ် ကို

ကျွန်တော့်ကို လှူဒါန်းပေးဖို့ ပြောခဲ့ပါတယ်။

လှိုက်လှိုက်လှဲလှဲ ဝမ်းသာစွာနဲ့

Advertisement

ဒီနေ့ တစ်နေ့လုံး

ဆရာဦးသျှန်ထွဏ်း ၊

ကျွန်တော့် ရဲ့ ပါရမီဖြည့်ဖက် လေး တို့နဲ့ အတူ

၃ ဦးသား ကိုယ်စားလှူဒါန်းခွင့်ရလိုက်တာ

Advertisement

အရမ်းကို ပီတိဖြစ်မိပါတယ်ဗျာ…။

ဆရာဦးသျှန်ထွဏ်းကလဲ

မွေးနေ့လက်ဆောင်သီချင်းလေး နဲ့

သဒ္ဓါတရားထပ်သန်သူ မခိုင်ယဥ်မွန် ကို

Advertisement

ဂုဏ်ပြုတေးလေး ရေးဖွဲ့ပေးပါတယ်ဗျ။

အဖိုးအဖွား များကို လှူဒါန်းပေးတဲ့

#မခိုင်ယဥ်မွန် လဲ မွေးနေ့မှ စ၍

သက်ရှည်ကျန်းမာပါစေ ။

Advertisement

ကျွန်တော့်ရဲ့ လှူဒါန်းမှူတိုင်းမှာ

ပါဝင်အားဖြည့်ပေးကြသူများလဲ

ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။” ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ မိုးစက်ရဲ့အလှူလေးကို ပရိသတ်တွေကလည်း ဝိုင်းဝန်းပြီးသာဓုခေါ်ဆိုခဲ့ကြပါတယ်။

Source : Moe Sat’s Facebook Acc 

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*