ဂျုးဂျူးလေး လမ်းစမ်းလျှောက်နေတဲ့ ဗီဒီယိုဖိုင်လေး ကို မျှဝေလာတဲ့ မေမေနန်းမြတ်ဖြိုးသင်း

ဆရာဝန်မလေး နန်းမြတ်ဖြိုးသင်းကတော့ အဆိုတော် ဘဝနဲ့ စတင်ကာ အနုပညာလမ်းကြောင်းကို စတင်လျှောက် လှမ်းခဲ့ပြီးနောက် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့သူပဲဖြစ်ပါတယ်။

အိမ်ထောင်ကျကံကောင်းသူ နန်းမြတ်ကတော့ သားတစ်ယောက် ၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ရပေမယ့် ခင်ပွန်းဖြစ်သူကို ကိုဗစ်ရောဂါပိုးကြောင့် ဆုံးရှုံးခဲ့ရသူပါ။

နန်းမြတ်ဟာ ခုဆိုရင် သားနဲ့သမီးကို တစ်ယောက်တည်း ရင်အုပ်မကွာစောင့်ရှောက်နေရသလို မိသားစုရဲ့ အိမ်ထောင်ဦးစီးအဖြစ်လည်း စီးပွားရှာရုန်းကန်နေရသူလဲ ဖြစ်ပါတယ်။ နန်းမြတ်က ဂျူးနဲ့ ဂျက်လေးရဲ့ လှုပ်ရှားမှုပုံလေးတွေကို အမြဲမျှဝေပေးလေ့ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ (၁၁) လအရွယ် သမီးလေးကို အသေးစိတ်ဂရုမစိုက်နိုင်တဲ့အကြောင်းကို” ဂျူးလေး၁၁လပါ

Advertisement

လမ်းလျှောက်စမ်းနေပီ

ဂျက်လေးတုန်းကတော့ဖေဖေတဖက်မေမေတဖက်တွဲပီးသင်ခဲ့တာ

မေ့သမီးလေးကတော့မေမေလဲရုန်းကန်နေရလို့အသေးစိတ်လေးတွေမလုပ်ပေးနိုင်ဘူး

မေ့သမီးလေးပိုမိုသန်မာပါစေကွယ်” ဆိုပြီး သမီးလေးရဲ့အဖြစ်ကို ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Advertisement

နန်းမြတ်းကတော့ သားကြီးဂျက်ရဲ့ လသားအရွယ် လမ်းစမ်းလျှောက်ချိန်မှာတော့ အဖေရော၊ အမေရော အသေးစိတ်ဂရုစိုက်ပေးနိုင်ခဲ့ပေမယ့် သမီးငယ်ဂျူဂျူးလေးအလှည့်မှာတော့ တစ်ယောက်တည်းရုန်းကန်နေရလို့ အသေးစိတ်ဂရုမစိုက်ပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။

Source : Nann Myat Phyo Thinn’s Facebook Acc

[zawgyi]


Advertisement




လမ်းလျှောက်စမ်းနေပီ

Advertisement





Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*