
မိန်းကလေးတွေလိုမျိုး အိုက်တင် လုပ်တတ်ကြတဲ့ ယောကျာ်းရင့် မာ ကြီးများ
လက်ရှိခေတ်ကြီးမှာတော့ နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ Social Media တွေကိုလည်း တော်တော်များများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကို တွေ့ရပါတယ်။ လူအများဆုံးသုံးကြတာကတော့ Facebook, Instagram အစရှိတဲ့ Appတွေကို တော်တော်များများ အသုံးပြုကြပါတယ်။ များသောားဖြင့် Instagram အသုံးပြုတဲ့သူတွေကို ကြည့်လိုက်ပါက မိန်းကလေးပိုများပါတယ်။ ဒါပေမယ့်လည်း ယောကျာ်းလေးတွေကလည်း မိန်းမတွေနည်းတူ Social Media တွေကို အသုံးပြုလာကြပါတယ်။
လက်ရှိခေတ်စားနေတဲ့အရာတွေ ဓါတ်ပုံရိုက်နည်းတွေကို မိန်းကလေးတွေနဲ့ အပြိုင်အဆိုင်ဖြစ်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီတခေါက် ပြောချင်လွန်းလို့ပေ့ခ်ျက ဖော်ပြပေးချင်တာကတော့ မိန်းကလေးလိုမျိုးအိုက်တင်ပေးတတ်ကြတဲ့ ယောကျာ်းရင့်မားကြီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.ဒီလိုမျိုး ပို့စ်များကတော့ မိန်းကလေးတော်တော်များများ ရိုက်ဖူးတာကို တွေ့ရမှာပါ။ ဆံပင်လေးကို လေပေါ်မှာဝဲပြီး ရိုက်ကြတာတွေကို တွေ့ဖူးမှာပါ။ ဒီပုံမှာတော့ ယောကျာ်းလေးတယောက်က သူ့ရဲ့ မုတ်ဆိတ်မွေးတွေနဲ့ ဒီလိုမျိုး ပို့စ်ကြီးပေးနေတာကတော့ တော်တော်လေး ကြည့်ရတာဆိုးနေမှာပါ။

၂.Social Media အသုံးပြုသူတွေအနေနဲ့ ကောင်မလေးတွေ လှလှပပ ဝတ်စားပြီး ဒီလိုပို့စ်ပေးနေတာတွေကိုတော့ တော်တော်များများ တွေ့ဖူးကြမှာပါ။ ဒီလိုပို့စ်မျိုးက မိန်းကလေးတွေနဲ့ပဲကြည့်ကောင်းပါတယ်။ ယောကျာ်းလေးတွေအနေနဲ့ ဒီလိုပို့စ်မျိုး လုပ်လို့ကတော့ ခြောက်နေမလားပဲ။

၃.ကမ်းခြေရောက်တဲ့အချိန်မှာ အတွေ့ရဆုံးကတော့ ကောင်မလေးတွေ သူတို့ခန္ဓာကိုယ်ကောက်ကြောင်းကို ပြချင်ကြတာပါပဲ။ မိန်းကလေးသူငယ်ချင်းတွေစုပြီး ဒီလိုကမ်းစပ်နားမှာ Sexy ကျကျဓါတ်ပုံလေးတွေ ရိုက်တာ လှပေမယ့်လည်း ယောကျာ်းလေးတွေ ဒီလိုရိုက်ရင်တော့ ဟာသတခုလိုပါပဲ။

၎.မိန်းကလေးတွေကတော့ သူငယ်ချင်းတွေစုပြီး Party တွေသွားတော့မယ်ဆိုရင်တော့ မသွားခင် သူတို့ပြင်ဆင်ထားတာလေးတွေကို ဓါတ်ပုံရိုက်ပြီး တင်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း ယောကျာ်းလေးတွေအနေနဲ့ ဒီလိုမျိုး အလှပြင်တဲ့ပုံတွေရိုက်တင်ရင်တော့ သေချာပါပြီ နည်းနည်းပုန်းချင်နေပြီဆိုတာ။

၅.မိန်းကလေးတွေအနေနဲ့ သူတို့ ယောဂ လုပ်နေတဲ့ ပုံလေးတွေတင်ရင် ပုရိသတွေ အနေနဲ့ သရေကျချင်စရာပါပဲ။ ဒါပေမယ့်လည်း ယောကျာ်းလေးတွေ ယောဂလုပ်နေတဲ့ပုံတင်ရင်တော့ ဖုန်းပါ ပြန်ပိတ်ချင်စိတ်ပေါက်သွားမယ်။

၆.မိန်းကလေးတွေ ရေချိုးပြီးရင် အရင်ဆုံးလုပ်တာကတော့ မှန်ကြည့်တာပါ။ မှန်ကြည့်ပြီး ကိုယ့်ဘာကိုယ် ယုံကြည်မှုရှိရင် ဓါတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်မယ်။ သဘာဝပါပဲ။ ယောကျာ်းလေးတွေအနေနဲ့ ဒီလိုမျိုးရေချိုးပြီး ခပ်ကြမ်းကြမ်းပို့စ်တွေ ပေးနေရင်တော့ သေချာပါပြီ။

၇.မိန်းကလေးရော ယောကျာ်းလေးရော Spa တွေ သွားကြပါတယ်။ အလှပြင်ဆိုင်တွေသွားကြပါတယ်။ တကိုယ်ရေသန့်ရှင်းဖို့အတွက် လုပ်ရမယ့် အရာတွေပါပဲ။ ဒါပေမယ့်လည်း ယောကျာ်းလေးတွေအနေနဲ့ ကိုယ်အလှပြင်ဆိုင်သွားတာတွေ Spa သွားတာတွေကို လူအများသိအောင် တင်နေရင်တော့ သိပ်သဘာဝ မကျနေပါဘူး။